<div style='background-color: none transparent;'></div>

Home » » "ဟာသသရုပ်ဆောင်ဗေလုဝနဲ့ ရုပ်ရှင်ကားကြီးရိုက်မယ့် မိုးဟေကို"

"ဟာသသရုပ်ဆောင်ဗေလုဝနဲ့ ရုပ်ရှင်ကားကြီးရိုက်မယ့် မိုးဟေကို"


မိုးဟေကိုက နိုဝင်ဘာ ၂ဝ ရက်နေ့က ပြေတီဦး၊ ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင် တို့နဲ့ ဝါရွှေစင် ပိုးထည်ကြော်ငြာ ရိုက်ကူးနေပါတယ်။ ဝါရွှေစင်ကြော်ငြာ အတွက် အင်္ကျီဒီဇိုင်း ချုပ်ပေးသူက ဒီဇိုင်နာ ကောင်

းမြတ်ဖြစ်ပြီး မိတ်ကပ် ကတော့ ညီညီမောင်(စမ်းချောင်း)က ပြင်ပေးတာ ဖြစ်ကြောင်း မိုးဟေကို ကပြောပါတယ်။ ဇာတ်ကားတွေထဲမှာတော့ အိန္ဒြာကျော်ဇင်နဲ့ ဆုံးဖူးပေ မယ့် ကြော်ငြာမှာတော့ ပထမဦးဆုံး ဆုံခြင်းဖြစ်ကြောင်း ပြောပါတယ်။ မိုးဟေကိုက တီဗီကြော်ငြာပဲရိုက်ရိုက်၊ ဓာတ်ပုံပဲ ရိုက်ရိုက်၊ ဗီဒီယို ဇာတ်ကား ပဲရိုက်ရိုက် ကိုယ့်ရဲ့သရုပ်ဆောင် အလုပ်ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပါတယ်။ မိုးဟေကိုက ဒီဇင်ဘာလထဲမှာ ရုပ်ရှင် အစည်းအရုံးနဲ့ ရုပ်ရှင်ဇာတ်ကား ၁ကားရိုက်ကူးဖို့ရှိပြီး ဗေလုဝတို့ ဟာသ သရုပ်ဆောင်များစွာနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဦး မှာဖြစ်ကြောင်း ပြောပါတယ်။ ကိုယ့် အလုပ်အပေါ်မှာ တာဝန်ကျေအောင် လုပ်တယ်ဆိုတဲ့ မိုးဟေကိုက “သရုပ်ဆောင်တိုင်းက ကိုယ့်ဆီလာတဲ့ ဇာတ်ကို ဖတ်တယ်။ အကောင်း ဆုံးဖြစ်အောင် သရုပ်ဆောင် ကြတာ မိုးတို့ရဲ့ တာဝန်ပဲလေ။ ဒီအလုပ်ထဲမှာ စိတ်ပါဝင်စားမှု အပြည့်နဲ့ ကိုယ်လည်း ဝါသနာပါတဲ့ အတွက်ကြောင့် စိတ်လည်း ပျော်လို့လုပ်နေတာပါ” လို့ ပြော ပါတယ်။ ဇာတ်ကားတွေ ကြော်ငြာတွေလည်း ဆက်တိုက် ရိုက်နေရ တာကြောင့် စိတ်ကိုရော ဘယ် လိုအပန်းဖြေတတ် လဲလို့ မေးတော့ “စိတ်အပန်းဖြေတဲ့နေ့မှာ သူငယ်ချင်းတွေ ကို အိမ်ခေါ်ပြီး အခွေကြည့် ရင်ကြည့်၊ မကြည့်ရင် မုန့်စား ကြတယ်။ အိမ်မှာပဲနေဖြစ်တာများပါတယ်။ အပြင်တွေ သိပ်မထွက်ဖြစ်ဘူး။ သူငယ်ချင်းတွေဆိုလည်း ငယ်ငယ် ကတည်းက ခင်လာတဲ့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းတာများတယ်” လို့ပြော ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တွေ က လူမှုရေးလစ်ဟာ မှုတွေရှိကြ တယ်လို့ ပြောကြတဲ့ အပေါ်မေးတော့ “လူမှုရေးတွေ လစ်ဟာသွားတာတွေ ရှိတာပေါ့နော်၊ ကိုယ့်ဘက်က အခုဆိုရင် ပြန်ချိန်တာပေါ့။ အလုပ်ကိုလည်း အာရုံစိုက်သလို၊ ကိုယ့်မိသားစုတွေ ကိုလည်း မလစ်ဟင်းအောင်၊ လူမှုရေး လုပ်ငန်းတွေ ကိုလည်း တတ်နိုင်သလောက်လုပ်တယ်။ ဒါပေမယ့် ပတ်ဝန်း ကျင်အသိုင်းအဝိုင်းတွေက နားလည်ပေးကြပါတယ်။ ကိုယ်တွေက အချိန်ပြည့် ဒီအနုပညာ အလုပ်ထဲမှာ အာရုံစိုက်ထားတဲ့အတွက်ကြောင့် ကိုယ်တွေကို ပြန်ပြီးနား လည်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်သလောက် အကူ အညီပြန်ပေးတာပေါ့” လို့ လူမှုရေးဘက်မှာလည်း မလစ် ဟင်းအောင် ကြိုးစားနေကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map