<div style='background-color: none transparent;'></div>

Home » » ပြည်ပရောက်ရွှေမြန်မာ မိန်းကလေးများကြောင့် တိုင်းပြည်ပုံရိပ်သိက္ခာမကျပါစေနဲ့

ပြည်ပရောက်ရွှေမြန်မာ မိန်းကလေးများကြောင့် တိုင်းပြည်ပုံရိပ်သိက္ခာမကျပါစေနဲ့

From : Kyal Sin Lin


 ဒီပုံက အမေရိကမှာ ၀င်ပြိုင်နေတဲ့ မော်ဒယ် ယမုံမိုးလို့ သိရပါတယ်.. ဒီပုံကို အပုပ်ချချင်လို့ သက်သက်ရှာလာတာ မဟုတ်ပါ... ဒီပုံကို နိုင်ငံခြားမှာ ရိုက်ထားလို့.. မြန်မာပြည်မှာ ရိုက်ထားတာ မဟုတ်လို့ လက်သင့်ခံသင့်ပါတယ် မော်ဒယ်က သူ့ရဲ ပရော်ဖက်ရှင်မို့လို ဒီလို လုပ်တာပါ ဆိုပြီး အယူအဆတစ်ရပ်ကို မြန်မာပြည် တင်သွင်းဖို့ လုပ်နေလို့ အပြင်းအထန်ကန့်ကွက်ပါတယ်...ကျနော်တို့လိုချင်တဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့ အသံက ဒီလိုနေ ရာကနေ ထွက်လာတာမျိုး လုံးဝ မလိုချင်ပါ... ဖိလစ်ပိုင်မတွေ ဘယ်လောက်ပဲ ရိုးသားပါတယ်ပြောပြော ဂျပန်မှာ သူတို့ကို သိထားတာက ကလပ်မယ်လို့ပဲ သိထားပါတယ်.... ထိုင်းမတွေ ဘယ်လောက်ပဲ.. ရိုးသားပါတယ်ပြောပြော နိုင်ငံခြားသွားရင် ဈေးညှိတာ ခံရပါတယ်.. ဒါက တိုင်းပြည်ရဲ့ ပုံရိပ်ပါ... ကျနော်တို့ မြန်မာမတွေ နိုင်ငံတကာမှာ ဒီလို ပုံရိပ်မျိုးထွက်တာ မလိုချင်ပါ...
သစ္စာတရားဆိုတာ မြန်မာနိုင်ငံမှာ တစ်မျိုး နိုင်ငံခြားမှာ တစ်မျိုးဆိုတာ မရှိပါ.. အမြဲတန်းမှန်နေရပါမယ်... ဒီလိုပါပဲ ယဉ်ကျေးမှုဆိုတာ မြန်မာပြည်မှာ တစ်မျိုး ပြည်ပရောက်ရင် တစ်မျိုးဖြစ်တာ လက်မခံပါ... နိုင်ငံခြားမှာမို့လို့ ဒီပုံကို လက်ခံပေးပါဆိုတာကတော့... လွဲနေပါတယ်.... သူ့ပါသာ ဘယ်လိုပဲ နေပါစေ.. သူ့ရဲ့ ကိုယ်ပိုင် အယူအဆပါ.. ဒါကို ပြည်သူ့ကိုယ်စားပြု ဆိုတဲ့ အသုံးအနှုန်းတွေတော့ သုံးမလာပါနဲ့.... အဲ့ဒိပြည်သူတွေထဲမှာ ကျနော်မပါလို့ပါ... တလွဲဆံပင်မကောင်းကြပါနဲ့.....

 Myanmar Express 
 http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6006087&xgs=1&xg_source=msg_share_post
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map