<div style='background-color: none transparent;'></div>

Home » » "ဒီမိုကရေစီခေတ် ပေါ်လစီဇာတ်ကားနဲ့ ချစ်သုဝေ စကား"

"ဒီမိုကရေစီခေတ် ပေါ်လစီဇာတ်ကားနဲ့ ချစ်သုဝေ စကား"

ချစ်သုဝေက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ NLD ပညာပေး ဇာတ်လမ်း “ညီကြ၊ လာကြ၊ ပါတီဘဝခံယူကြ” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါ တယ်။ ဒီဇာတ် လမ်းကို ပြည်သူတွေနဲ့ ပါတီတွင်းမှာ ရှိတဲ့ ပါတီဝင်တွေပါ သ
ိရှိစေဖို့အတွက် ရိုက်ကူးခြင်း ဖြစ်ကြောင်းကို ချစ်သုဝေက “ဒီဇာတ်လမ်းက ရှေ့လမှာ ကျင်းပမယ့် NLD ပါတီတွင်း ညီလာခံက အရေးကြီးကြောင်း ပြည်သူတွေရော၊ ပါတီတွင်းမှာရှိတဲ့ ပါတီဝင်တွေပါ သိရှိစေဖို့နဲ့ ဒါကို အရေးထားကြဖို့အဓိက ရည်ရွယ် ပြီးရိုက်တာပါ။

၂ဝ၁၅ ရွေးကောက် ပွဲမှာ ဒီလို ဦးဆောင်နိုင်မယ့်သူကို တကယ် ဦးဆောင်နိုင်မယ့်နေရာတွေမှာ ရွေးမိကြ ဖို့အရေးကြီးတယ်။ အရေးကြီးဆုံး အချိန် မှာ အရေးကြီးဆုံး လုပ် ဆောင်နိုင်ဖို့အတွက် အသိ ပညာရဖို့ ဒီဇာတ်လမ်းကိုရိုက်တယ်။ မကြည်ဖြူကလည်း ကမ်းလှမ်းတယ်။ ထရီဇာကလည်း စိတ်အားတက်ကြွစွာနဲ့ ရိုက်ချင်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ” လို့ ရိုက်ကူးဖြစ်ရခြင်း အကြောင်းကို ပြောပါတယ်။

ဒီဇာတ်လမ်းထဲမှာ ချစ်သုဝေက ကျောင်းသားလှုပ်ရှားမှုကြောင့် ထောင် ၇နှစ်ကျခဲ့ဖူးတဲ့ နိုင်ငံရေး လှုပ်ရှားသူတစ် ယောက်အနေနဲ့ ထောင်က ထွက်လာတဲ့ အချိန်မှာလည်း နိုင်ငံရေးလှုပ်ရှားသူ၊ NLD ပါတီဝင်တစ်ဦး အနေနဲ့ သရုပ် ဆောင်ရသလို၊ ညီလာခံမှာလည်း အတွင်း ရေးမှူးနေရာမှာ ဝင်ရောက်ယှဉ် ပြိုင်သူအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါ တယ်။ချစ်သုဝေက ဒီတစ်ပတ်ထဲမှာ ဒါရိုက်တာဝိုင်းနဲ့ ဇာတ်ကားရိုက်ဖို့ လက်ခံ ထားပြီး အခု ဒါရိုက်တာ ဝိုင်းက နိုင်ငံခြား သွားနေတဲ့အတွက် ဇာတ်ကား ရိုက်နား လိုက်ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဒီ တစ်ပတ်ထဲမှာတော့ လူမှုရေးလုပ်ငန်းတွေနဲ့ အခွေအ တွက် စတူဒီယိုဒိတ်တွေ ပေးဖြစ်နေ ကြောင်း ပြောပါတယ်။

သီတင်းကျွတ်မှာတော့ အိမ်မှာပဲရှိနေကာ မိဘနှစ်ပါးကို ကန်တော့ဖြစ်ပြီး မုန့်တွေလုပ် စားဖြစ်ကြောင်းနဲ့ မီးပန်း တွေဖောက်ကာ သီတင်းကျွတ်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖြစ် ကြောင်း ပြောပါတယ်။ ငယ်စဉ်က သူမ ဖြတ်သန်း ခဲ့တဲ့ သီတင်းကျွတ်တွေနဲ့ပတ်သက်ပြီး ငယ်ငယ် တုန်းက သီတင်းကျွတ်ဆိုရင် မင်းကွန်းသွားကြတယ်။ ကထိန်ခင်းကြတယ်။ ဖေဖေက ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တော့ ထရီဇာတို့က မေမေ့ဘက် ခရစ်ယာန်လိုက် ပေမယ့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း ဖေဖေကျေနပ်အောင်၊ မိဘကျေနပ်အောင် အကုန်လုပ်လိုက်တာ။ ဖေဖေဆောက်ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ သီလရှင် ကျောင်းတစ်ကျောင်း ရှိတယ်။ ကုန်းမြင့်တွေ တောင်ကုန်း တွေပေါ် ကနေ မီးပန်းတွေ ဖောက်ကြတယ်။ ဒီနှစ် နားနေတုန်းအမျိုးတွေ စုပြီး မီးပန်းတွေ ဖောက် တယ်၊ မုန့်တွေလုပ်စား ဖြစ်တယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map