<div style='background-color: none transparent;'></div>

Home » » မြန်မာ့လေကြောင်းလိုင်း ခရီးစဉ်များအား တယ်လီဖုန်းနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တဲ့ ဝန်ဆောင်မှုစတင်

မြန်မာ့လေကြောင်းလိုင်း ခရီးစဉ်များအား တယ်လီဖုန်းနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တဲ့ ဝန်ဆောင်မှုစတင်

မြန်မာ့ လေကြောင်းမှ ပြေးဆွဲပေးလျက်ရှိတဲ့ လေကြောင်း ခရီးစဉ်များနဲ့ လေယာဉ်ခ နှုန်းထားများနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း စုံစမ်းမှုများကို  ယခုလမှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ သတင်းများအရ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ယခင်က ဆောင်ရွက် ပေးခဲ့ခြင်း မရှိဘဲ ယခု နိုဝင်ဘာလမှသာ စတင် တယ်လီဖုန်းနဲ့ ဆက်သွယ်ဝန်ဆောင်မှု ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒီလို ဆက်သွယ် စုံစမ်းနိုင်တဲ့ ဖုန်းနံပါတ်များကတော့ ၃၇၈၆၀၃၊ ၃၇၈၆၀၄၊ ၃၇၈၆၀၆ နဲ့ ၃၇၈၆၀၈ အစရှိတဲ့ ဖုန်းများကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။ ဒါ့အပြင် ၀၉ -၄၂၁၁၆၉၅၅၁ ကနေ ၀၉-၄၂၁၁၆၉၅၅၄ အထိ
ဖုန်းနံပါတ်တွေကိုလည်း ဆက်သွယ် စုံစမ်း နိုင်ပါတယ်။ ဒီလို ခရီးစဉ်နဲ့ ဈေးနှုန်းတွေကို စုံစမ်းနိုင်တဲ့အပြင် ခရီးစဉ်လက်မှတ် Booking ကြိုတင် ဖြတ်ခြင်းတို့ကိုပါ ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာ့လေကြောင်းရဲ့ စင်းလုံးငှား လေယာဉ် ခရီးစဉ်များကိုလည်း အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

အဆိုပါ ဆောင်ရွက်မှုကိုတော့ နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၄ နာရီထိ နေ့စဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရတာဟာ ပြည်တွင်းရှိ ပြည်သူများနဲ့ နိုင်ငံခြားသား ခရီးသွားများ မြန်မာ့ လေကြောင်းမှ လေယာဉ်များနဲ့ ခရီးသွားရာမှာ လက်ရှိထက် ပိုမို လွယ်ကူစွာ ဆောင်ရွက်နိုင်စေဖို့ ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 news.yatanarpon.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map