<div style='background-color: none transparent;'></div>

Home » » ရင်နင့်ဖွယ်(၃) တန်းကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံး

ရင်နင့်ဖွယ်(၃) တန်းကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံး

ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့နယ် ဇောတိကလေးရွာတွင် နိုဝင်ဘာလ
(၂၀)ရက်နေ့ညနေပိုင်းတွင် ကျောင်းသားလေးတစ်ဦး ဓါတ်လိုက်သေဆုံးသွားကြောင်း သိရပါတယ်။
 အောင်ပန်းမြို့ ဇောတိကလေးရွာမှ ဒေသခံတစ်ဦးမှ သတင်းပေးခဲ့တဲ့အတွက် အောင်ပန်းရဲစခန်းမှ တာဝန် ရှိ သူတွေက သွားရောက် စစ်ဆေးခဲ့ပြီး ကလေးငယ်အလောင်းကို အောင်ပန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ပေး ခဲ့ ပါတယ်။

ဇောတိကလေးရွာမှ ဦးဟန်သိန်းမှ `` ကျွန်တော်အလုပ်က ပြန်လာတုန်း လဲနေတဲ့ ဓါတ်တိုင်နားမှာ ကလေး တစ်ယောက် သေ ဆုံးနေတာတွေ့ပါတယ်။

ကျွန်တော် အနားကိုကပ်ပြီး သွားကြည့်တော့ ကလေး က အသက် မရှိတော့ဘူး။ ကျောင်းသားဝတ်စုံနဲ့ လွယ်အိတ်လေးပါ တွေ့ရတယ်။


ကလေးရဲ့ ယာ ဘက်ပေါင် နဲ့ ၀ဲဘက် လက်တွေမှာ စုတ်ပြဲဒဏ်ရာတွေနဲ့ ဓါတ်လိုက်သေဆုံးနေတာ ဖြစ်ပါတယ်။ ကျွန်တော် လည်း ချက်ခြင်း ရဲစခန်းကို အကြောင်းကြား သတင်းပေးခဲ့ပါတယ်။

 ကလေးရဲ့ဖခင် က တော့  ဇောတိကလေးရွာ မှ ဦးဇော် ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကလေးကို နမူနာယူပြီး မိဘတွေ အနေနဲ့ ကလေးငယ်တွေကျောင်းသွား၊ ကျောင်းပြန် တွေကို လူကြီးတစ်ယောက်ယောက်မှ ကြို/ပို့ ပေးစေ ချင်ပါတယ်။

အခုလိုဖြစ်တော့ ကျွန်တော်တို့ တစ်ရွာလုံး စိတ်မကောင်းဖြစ်နေကြပါတယ်။ ကလေးရဲ့ မိဘတွေဆိုရင် ဘယ်လောက်တောင် ခံစားရမလဲဆိုတာ အားလုံး ကိုယ်ချင်းစာကြမှာပါလို့ ´´ ပြောပြသွားပါတယ်။


ရှမ်းသံသတင်းစဉ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map