<div style='background-color: none transparent;'></div>

Home » » ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်

ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်


နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေး ရွာ ရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့လည်ပိုင်းမှစတင်၍ အစာအဆိပ်သင့် ကာအထက်လန်အောက်လျှောဝေဒနာခံစားခဲ့ရကြောင်းသတင်းရရှိသည်


ရွာသားငါးဆယ် အနက်မှ ရွာသား၃၀ခန့်မှာ ပျဉ်းမနားမြို့နယ်ေ ဆးရုံ တွင်ေ ဆး ကုသခံယူနေပြီး ကျန်ရွာသားများမှာမူ
ပျဉ်းမနားဆေးရုံမှ ဆေးရုံအုပ်ကြီးကိုယ်တိုင်ကျေးရွာသို့လာရောက် ကုသမှုပေးနေ သည်ကြောင့် ကျေးရွာ၌ပင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။



ထိုကဲ့သို့ကျေးရွားတွင်းမှ ရွားသားများတပြိုင်နက် အစာအဆိပ်သင့်ခြင်းမှာ ယင်းကျေးရွာတွင်ကျင်းပသောမင်္ဂလာဆောင်တစ်ခုမှ
ကျွေးမွေးသည့် အစားအသောက်များေ ကြာင့်ဖြစ်သည်ဟု သက်ဆိုင်ရာက ကနဦးကောက်ချက်ချထားသည်ဟု ရွာသားတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

“မနက်ပိုင်းမှာမင်္ဂလာဆောင်ကျင်းပတယ်။နန်းပြားသုပ်ကျွေးတယ်။နေ့လည်လောက်ရောက်တော့ သတို့သား၊သတို့သမီးတွေကအစ စားခဲ့တဲ့ရွာသားတွေအဆုံး အထက်လန်အောက်လျှောတွေဖြစ်ကြတယ်။ အခင်းဖြစ်ရာနေရာကို နေပြည်တော်ကောင်စီပျဉ်းမနား တာဝန်ခံ ဗိုလ်မှုးကြီးမြင့်အောင်သန်းလာရောက်ခဲ့တယ်။”ဟုအထက်ပါရွာသားကပြောသည်။

စွမ်းရဲထွဋ်




From -ပေါ်ပြူလာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map