<div style='background-color: none transparent;'></div>

Home » » နန်းခင်ဇေယျာကို စိုးရိမ်တယ်

နန်းခင်ဇေယျာကို စိုးရိမ်တယ်

နန်းခင်ဇေယျာ (ဓာတ်ပုံ – ဧရာဝတီ)
ဂျပန်နိုင်ငံ အိုကီနာဝါမှာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ မယ်နိုင်ငံတကာ ပြိုင်ပွဲမှာ မယ်အင်တာနက်နဲ့ People choice  ဆုကို ပူပူနွေးနွေး ပိုင်ဆိုင်ထားတဲ့ မြန်မာမယ် နန်းခင်ဇေယျာကို အနုပညာအလုပ်တွေ လုပ်ကိုင်လာလို့ သူ့ရဲ့ပရိသတ်တွေက အလွန်စိုးရိမ်နေကြ ပါတယ်။
နန်းခင်ဇေယျာဟာ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ သူနေ့စဉ်လှုပ်ရှား လုပ်ကိုင်နေတဲ့ အကြောင်းအရာ တွေကို စဉ်ဆက်မပြတ် ဖော်ပြသူ တဦးပါ။
မယ်အင်တာနက်ဆုကို ရရှိပြီးနောက် နန်းခင်ဇေယျာဟာ မြန်မာနိုင်ငံက စီးပွားရေး ကြော်ငြာလုပ်ငန်းတွေ ဖြစ်တဲ့ Blue Mountain အချိုရည်ရဲ့တနှစ်တာ Brand Ambassador နဲ့ Daw Win Garment Center i-MAX, Giorenzo & U’JASS အ၀တ်အထည်များ အတွက် ၁၄ လတာ Brand Ambassador တယောက် အဖြစ် လုပ်ကိုင်တော့မှာပါ။
ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ Blue Mountain အချိုရည် ကြော်ငြာ ရိုက်ကူးမှု အခြေအနေ ကို တွေ့မြင်ကြရတဲ့ ဖေ့စ်ဘုတ်၊ အင်တာနက် စာမျက်နှာပေါ်က ပရိသတ်တွေက သူ လုပ်ကိုင်လာတဲ့ အနုပညာလုပ်ငန်းအပေါ် စိုးရိမ်ကြီးစွာနဲ့ သတိပေး ပြောဆိုတာတွေ ရှိလာပါတော့တယ်။
နန်းခင်ဇေယျာကတော့ သူအနုပညာ အလုပ် လုပ်ကိုင်လာတဲ့အပေါ် ပရိသတ်တွေအနေနဲ့ မစိုးရိမ်ဖို့ကို သူ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြန် ပြီး ရှင်းပြ ထားတာကို တွေ့ရပါတယ်။
“ညီမရဲ့ အနုပညာ လုပ်ငန်းလုပ်ကိုင်မှုအပေါ်မှာ ညီမကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးကို ညီမအနေနဲ့ ရှင်းပြချင် ပါတယ်။ ညီမက Miss Myanmar, (Miss Internet, Miss People’s Choice) တယောက်အနေနဲ့သာ စီးပွားရေး ကြော်ငြာ၊ စာစောင် မျက်နှာဖုံးများ၊ ပြက္ခဒိန်များကို ရိုက်ကူးနေခြင်း ဖြစ်ပါတယ်။ တဖက်ကလည်း ပရဟိတ လုပ်ငန်းများကို ပရိသတ်များနဲ့ အတူ လုပ် ဆောင်သွားမှာ ဖြစ်သလို၊ ညီမအနေနဲ့ သရုပ်ဆောင် လုပ်ဖို့ကို အခုအချိန်မှာ လုံးဝ မစဉ်းစား သေးပါဘူးရှင့်။ Tourist Guide အနေ နဲ့လည်း ညီမ ဆက်လက်လုပ်ကိုင်သွားမှာပါ”လို့ ရေးထားတာပါ။
Miss Myanmar နန်းခင်ဇေယျာဟာ လတ်တလောမှာ အနုပညာအလုပ်အပြင် ပရဟိတ လုပ်ငန်းတွေပါ လုပ်ကိုင်နေသူပါ။ရှေ့လျှောက်လည်းပရဟိတလုပ်ငန်းတွေဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း ပြောဆိုထားပါသေးတယ်။
သူ့ကို ချစ်တဲ့ပရိသတ် အများအပြား ပိုင်ဆိုင်ထားသူ Miss Internet, People Choice Award ဆုရှင် နန်းခင်ဇေယျာ တယောက် ဘယ်လို ပရဟိတ လုပ်ငန်းတွေ၊ အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမလဲ ဆိုတာလည်း စောင့်မျှော် ကြည့်ကြပါဦး …။
မြန်မာ့သားကောင်း
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map