အထူးသတင်းနှင့် အခြေအနေများကို အချိန်မှီတင်ဆက်ပေးရာမှာ
၂၃.၁၁.၂၀၁၂ သောကြာနေ့ ညနေမှာစတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့
အချက်ချာကျတဲ့ လမ်းအားလုံးကို ကြားဖြတ်အစိုးရ အမိန့်အရ အင်အား ၁၇၀၀၀
(တစ်သောင်းခုနှစ်ထောင်) ရှိသော ရဲအင်အား အားလုံးဖြင့်
စတင်ပိတ်ဆို့လိုက်ကြောင်း ဘန်ကောက်ရဲချုပ်မှ ဒီနေ့ညနေ မှာ
စတင်ထုတ်ပြန်သွားခဲ့ပါတယ် ။
လာမည့် စနေနေ့ ၂၄.၁၁.၂၀၁၂ မှာ
ယခု ထိုင်းအိမ်နီးချင်းနိုင်ငံများ က ထိုင်းနိုင်ငံဘန်ကောက်မြို့သို့
သွားရောက်ပါက ဆင်ခြင်သတိထားနိုင်ရန် နှင့် မလိုအပ်ပါက မသွားရန် Alert
(သတိပေးချက်များ) ထုတ်ပြန်ကြော်ငြာလိုက်ပြီဖြစ်ပါတယ် ။
သို့ပါသောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားအားလုံး
နနက်ဖြန်နံနက်မှစပြီး
ဘန်ကောက်မြို့တွင်းသွားလာမှု့မှ ရှောင်ကြဉ်နိုင်ရန်နှင့် သတင်းများကို
သတိထား နားဆင်ကြရန် ၊ ထိုင်းနိုင်ငံရောက် မြန်မာ အချင်းချင်း
သတိပေးကာကွယ်ပေးနိုင်ရန် အထူးသတိပေးပါသည် ။
ထိုင်းပါလီမာန် အနီးတဝိုက် ပိတ်ဆို့ထားခြင်း သတင်း ဓာတ်ပုံ Router

ရင်လတ် ရှာရနာဝပ်ထရာ (လက်ရှိထိုင်းဝန်ကြီးချုပ်)
http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6049952&xgs=1&xg_source=msg_share_post
0 comments:
Post a Comment