<div style='background-color: none transparent;'></div>

Home » » အွန်လိုင်းမှာလူကြိုက်များနေတဲ့ ထက်ထက်မိုးဦးရဲ့သမီးလေးစစ်လွန်းဝတီထက်အကြောင်း

အွန်လိုင်းမှာလူကြိုက်များနေတဲ့ ထက်ထက်မိုးဦးရဲ့သမီးလေးစစ်လွန်းဝတီထက်အကြောင်း

အွန်လိုင်းမှာလူကြိုက်များနေတဲ့သမီးလေးစစ်လွန်းဝတီထက်အကြောင်းမှ မိခင်ဖြစ်သူ ထက်ထက်မိုးဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း ထက်ထက်မိုးဦးဖေ့စ်ဘုတ်မှာ လူကြိုက် အများဆုံး Like ပေါင်းများစွာရရှိထားတဲ့ ဓာတ်ပုံကတော့သမီးလေး စစ်လွန်းဝတီထက် ရဲ့ ၁နှစ် ၇လက ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပြီး နိုဝင်ဘာနောက်ဆုံးပတ်အတွင်း Like လုပ်ထားသူ အရေ အတွက်မှာ ၁၁ဝ၉၇ခုဖြစ်ကာ comment ရေးသားသူပေါင်း ထောင်ကျော်သလို နှစ်သက် သဘောကျ မျှဝေ shareကြသူပေါင်း ၇ထောင်နီးပါးရှိကြောင်း တွေ့ရတဲ့အတွက် အခုလိုမျိုး သမီးလေးစစ်လွန်းဝတီထက်ကို ပရိသတ်က ချစ်ခင်အားပေးတာ နဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ထက်ထက်မိုးဦးနဲ့ တွေ့ဆုံအင်တာဗျူးဖြစ်တဲ့အခါ မိခင်ဖြစ်သူက သမီးလေးအကြောင်းကို အခုလိုကြည်နူးပီတိဖြစ်စွာ ဖြေကြားပေးခဲ့ပါတယ်။

မေး-သမီးလေးစစ်လွန်းဝတီထက်က အခုဆိုရင် ၂နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက် သမီးလေးရဲ့ ချစ်စဖွယ်အပြုအမူလေးတွေ ကို ပြောပေးပါ ဦး။
ဖြေ-သမီးလေးက အခုဆို တအားတတ်လာတယ်။ မှတ်ဥာဏ်လည်းတအားကောင်း လာတယ်။ သူက မြူးဇစ်သံကြားရင် မရဘူး။ ဒီသီချင်းသံတွေ၊ မြူးဇစ်သံတွေ ကြားရ ရင် ဘယ်လောက်ငိုငို တိတ်သွားတယ်။ တစ်ခုခု မကျေနပ်ရင်ပဲဖြစ်ဖြစ်၊သူ့အဖေကိုဇူး အပြင်ထွက်သွားရင်ပဲဖြစ်ဖြစ် သီချင်း ဖွင့်ပြလိုက်ရင် ချက်ချင်းအငိုတိတ်သွားတယ်။ ညအိပ်ခါနီးဆို ဘယ်သူမှ သူ့ကို မသင်ပေးဘဲ အဖေ၊ အမေကို ထိုင်ကန်တော့တယ်။ ဘယ်သူမှလည်း သူ့ကိုမသင်ပေးဘူး။ သူ့ အဖေကို ဖေဖေလို့မခေါ်ဘူး။ ပါးပါးလို့ပဲ ခေါ်တယ်။ စကားတော့ နည်းနည်းပြော နေပြီ။ တစ်ခေါက်က ပွဲတစ်ခုမှာ ဟဲလေးက သီချင်းဆိုတာကို သမီးက အတင်း စင်ပေါ်တက်ဖို့လုပ်တယ်၊ဘာဖြစ်လို့လဲဆိုတော့ ဟဲလေးသီချင်းတွေက ထက်ထက်သူ့ကို ကိုယ် ဝန်စလွယ်ကတည်းက နားထောင်ခဲ့တာ။ သမီးလေးကိုမွေးပြီးတော့လည်း နားထောင် ဖြစ်တော့ နားရည်ဝတာလည်း ပါမယ် ထင်တယ်။ သူသိတယ်ဆိုတဲ့ သဘောနဲ့ ဟဲလေးကိုနှုတ်ဆက်တာ။ နောက်ဆုံးတော့ ဟဲလေးက သီချင်းဆက်မဆိုနိုင်ပဲ စင်ပေါ်ကနေ သူ့ကို လာနှုတ်ဆက်ရတယ်။ကိုယ့်သမီးလေးကို ကြည့်ကြည့်ပြီးချစ်မဝအောင်ဖြစ်နေရတယ်။



မေး-မထက်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်က သမီးလေးကို Like တွေလုပ်တာ တွေ့ရတယ်နော်။ အဲဒီအပေါ် မထက်ရဲ့ ပီတိစကားကို သိချင်ပါတယ်။
ဖြေ-အွန်လိုင်းပေါ်မှာ သမီးလေးကို တော် တော်ချစ်ကြတယ်။ သူ့ရဲ့ဓာတ်ပုံတွေဆို Likeလုပ်ကြသလို Share လည်း လုပ်ကြတယ်။ အဲဒီအတွက်လည်း ဝမ်းသာပါတယ်။ ထက်ထက်ဖေ့စ်ဘုတ်မှာ သမီးလေးဓာတ်ပုံ တင်လိုက်ရင် ပရိသတ်က တော်တော် အားပေးကြသလို comment တွေလည်း ပေးတာ တွေ့ရတယ်။

မေး-မိခင်တစ်ယောက်အနေနဲ့ သမီးလေး စစ်လွန်းဝတီထက်အပေါ် ဖြစ်ချင်တဲ့ဆန္ဒရှိ ရင် သိချင်ပါတယ်။
ဖြေ-သမီးလေးကြီးလာရင် ဝါသနာပါတာပဲ လုပ်စေချင်တယ်။ ပညာရေးမှာလည်း ထူးချွန် စေချင်သလို၊ ကျန်တဲ့ဟာတွေမှာလည်း ဝါသနာအလျောက် ဖြစ်ထွန်းစေချင် တယ်။ မိခင်ဆိုတာကတော့ သမီးဖြစ်သူ ဘာပဲလုပ် လုပ်အောင်မြင်စေချင်တယ်။

မေး-မနှစ်က အကယ်ဒမီပေးပွဲကို မထက်နဲ့ ကိုဇူးတို့တက်ရောက်ခဲ့ပေမယ့် သမီးလေးကို ပွဲကျင်းပတဲ့ဆီ မခေါ်ခဲ့ဘူးနော်။ ဒီနှစ် အကယ်ဒမီပေးပွဲ အခမ်းအနားကို သမီလေးကို ခေါ်သွား ဖို့ရှိလား။
ဖြေ-သမီးလေးက ငယ်သေးတော့ အခမ်း အနားကျင်းပတဲ့ဆီကို မခေါ်ဖြစ်သေး ဘူး။ နောက်နှစ်လောက်ဆိုရင် မိသားစုလိုက် တက်ရောက်ဖြစ်မှာပါ။ သမီးလေးကို ပွဲကျင်း ပတဲ့အထိ ခေါ်ချင်တယ်။ ဒါပေမဲ့ သမီးလေး နေရခက်မှာလည်း စိုးရိမ်တယ်။

မေး-အခုဆိုရင် မထက်တို့ မိသားစု သရုပ် ဆောင်ထားတဲ့ ကြော်ငြာတွေက တီဗီမှာတင်မကဘဲ ဘေဘုတ်တွေ၊ LCDဘုတ်တွေမှာ ကြော်ငြာလာတာ တွေ့ရတယ်။ မထက် တို့ ကြော်ငြာစရိုက်တုန်းကနဲ့ အခုကွာခြားမှုကို သိချင်ပါတယ်။
ဖြေ-ဟုတ်တယ်။ အခုနောက်ပိုင်း ထက်ထက်တို့ ငယ်ငယ်တုန်းကလိုမျိုး မဟုတ်တော့ဘူး။ နည်းပညာတွေက တအားတိုးတက်လာသလို ကြော်ငြာအားတွေက တအား ကောင်းလာတယ်။ ဂျာနယ်တွေ၊ စာအုပ်တွေထဲမှာလည်း ကြော်ငြာနဲ့ ပတ်သက်တာတွေ အရင်ကထက် ကျယ်ပြန့်လာတယ်။ စိတ်ထဲမှာလည်း အလုပ်လုပ်ရတာ ပိုပြီးတော့ စိတ်ထက်သန် လာတယ်။ အနုပညာသမားဆိုတာက အလုပ် လုပ်နေရတာဖြစ်တဲ့အတွက် အာရုံစိုက်ပြီး လုပ်သင့်တယ်။

ထွဋ်မြတ်




.
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map