<div style='background-color: none transparent;'></div>

Home » » ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ

ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာထွန်းအောင် အား ပြစ်ဒဏ် ၁၈ နှစ် ချမှတ်လိုက်ပြီ

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်အောင်ဖန်တီးခဲ့သူ ဒေါက်တာ
ထွန်းအောင် အား မနေ့က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။

  ထိုသို့ပြစ်ဒဏ်ချမှတ် ရာတွင် စွဲချက်များအရ သီးခြားခွဲခြားကာ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး မနေ့က ချ မှတ်သော ပြစ်ဒဏ်တွင် ၁၅ နှစ်၊ ယခင် ပြစ်ဒဏ်တစ်ခုအတွက် ၃ စုစုပေါင်း ၁၈ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။


ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နဲ့
 ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေတဲ့ အမှုအပေါ်
 အလုပ်နဲ့ ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည)
အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၈
 နှစ်ကို သီးခြားစီ ထပ်မံကျခံစေဖို့ မနေ့က ချမှတ်ခဲ့သည်။



ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက
 နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး အက်ဥပဒေပုဒ်မ-၂၄(က) 
အရ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ စစ်တွေခရိုင် တရားရုံး ကပဲ အမိန့် ချမှတ်ပေး
ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ပုဒ်မတွေအတွက် မနေ့က အပြီးသတ် အမိန့်ချမှတ်
ခဲ့တာ ဖြစ်သည်။
 ဒေါက်တာထွန်းအောင် သည် ဘင်္ဂလီတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဖြစ် ပေါ် ခဲ့သော ပဋိပက္ခဖြစ်ပေါ်အောင် ဖန်တီးခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူ တစ်ဦးဖြစ်ကြောင်းလည်းသိရသည်။
shwemyanmar media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map