<div style='background-color: none transparent;'></div>

Home » » ကျပ်တစ်သိန်း ခွဲဖြင့် ဂျီအက်အမ် မိုဘိုင်းဖုန်း ဆင်းကတ်များကိုစတင် ရောင်းချ

ကျပ်တစ်သိန်း ခွဲဖြင့် ဂျီအက်အမ် မိုဘိုင်းဖုန်း ဆင်းကတ်များကိုစတင် ရောင်းချ

ငွေကျပ် တစ်သိန်းခွဲဖြင့် ဂျီအက်အမ် မိုဘိုင်းဖုန်း ဆင်းကတ် များ ကို နေပြည်တော်ရှိ မြို့နယ်နှစ်ခုတွင် ရောင်းချလျက် ရှိကြောင်း အဆိုပါ ဖုန်းဆင်းကတ် ရောင်းချ သည့် လေဆာဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ပျဉ်းမနားမြို့မှ မြို့ခံတစ်ဦးကလည်း "ကျွန်တော် မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ဈေးလျော့ ရောင်းနေတယ်လို့တော့ ကြားပါတယ်။ တစ်လုံးကို တစ်သိန်းနှစ်သောင်းနဲ့ ရောင်းတယ်လို့တောင် ကြားပါတယ်။ အဲဒီ လေဆာဖုန်းဆိုင်ရှိတဲ့ မြို့နယ်နှစ်ခုလုံးမှာ ရောင်းတယ်လို့ ကြားတယ်" ဟု ပြောကြားသည်။ လေဆာဖုန်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့က ပရိုမိုရှင်းသဘောမျိုးနဲ့ ဖုန်းဆင်းကတ်တွေကို ဈေးလျော့ရောင်းတာပါ။ အရင်လတုန်းက ဆိုရင်လည်း အခြား ပရိုမိုးရှင်း အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ဒီလို ဈေးနှုန်း လျော့ရောင်းတယ် ဆိုတာကလည်း ပြည်တွင်းမှာ နောက်ပိုင်းဆိုရင် တန်ဖိုးနည်း ဖုန်းတွေကလည်း ပေါ်လာတော့မယ်။ အခုချိန်မှာလည်း စီးပွားရေးဈေးကွက်က ကျယ်ပြန့်လာသလို
အပြိုင်အဆိုင်တွေကလည်း များလာတယ်။ ဒါ့ကြောင့်လည်း ပါပါတယ်။ ပရိုမိုရှင်းဆိုပေမယ့် ရက်ကိုတော့ အတိအကျ အကန့်အသတ် ပြောလို့မရသေးဘူး။ ဘယ်အချိန်မှာ ဒီပရိုမိုရှင်းကို ရပ်မယ်လို့တော့ ပြောလို့ မရသေးဘူး။ ကျွန်မတို့က GSM ဖုန်းတွေကိုပဲ ဈေးလျော့ ရောင်းပေးတာပါ။ WCDMA ဖုန်းတွေကိုတော့ ဈေးလျော့ မရောင်းပါဘူး။ မြန်မာ့ဆက်သွယ်ရေး အတိုင်းပဲ ရောင်းပေးပါတယ်။ အခြားဆိုင်တွေတော့ ဈေးလျော့ ရောင်းတယ်လို့တော့ မကြားရဘူး။ စလုပ်တာကလည်း နိုဝင်ဘာ လဆန်းပိုင်းလောက်က စလုပ်ဖြစ်တာပါ။ စလုပ်တုန်းကဆိုရင် တစ်ရက်ကို လူအယောက် ၃၀ လောက်လာတယ်။ အခုတော့ တစ်ရက်ကို ၁၅ ယောက်လောက်ပဲ လာတော့တယ်။ လူတွေ တော်တော်များများ စိတ်ဝင်စားကြပါတယ်။ ကျွန်မတို့ဆိုင်မှာတော့ လောလောဆယ် GSM နဲ့ WCDMA ဖုန်းတွေကိုပဲ ရောင်းဖြစ်နေတယ်။ ကျန်တဲ့ CDMA ဖုန်းတွေကိုတော့ မရောင်းဖြစ်သေးဘူး" ဟု ပြောကြားသည်။
 ဆိုပါ ကျပ်တစ်သိန်းခွဲတန် ဖုန်းဝယ်ယူလျှင် လိုင်စင်ဓာတ်ပုံ နှစ်ပုံနှင့် မှတ်ပုံတင်မိတ္တူသာ လိုအပ်ပြီး လျှောက်လွှာ လျှောက်ထားသည့် ရက်မှ လေးရက်အတွင်း ဆင်းကတ်များကို ထုတ်ပေးကြောင်း သိရသည်။ သို့သော် တစ်သိန်းခွဲတန် ဂျီအက်အမ်ဆင်းကတ် ဖြစ်သည့်အတွက် ဆင်းကတ် ဝယ်ယူသည့်ရက်မှ တစ်နှစ်ပြည့်သည့် အချိန်မှသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆင်းကတ်ဝယ်ယူသည့် စာချုပ်မရခင် အချိန်အတွင်း ကတ်ပျက်၊ ကတ်ပျောက်ဖြစ်ခြင်း၊ အင်တာနက်လိုင်း လျှောက်ထားလိုခြင်းများ အတွက်လည်း ဆိုင်မှ ဘောင်ချာစာရွက်တစ်ခု ထုတ်ပေးမည်ဖြစ်ပြီး လျှောက်ထားပါကလည်း အဆိုပါဆိုင်မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဆောင်ရွက်ပေးသည့် အချိန်အတိုင်း တာဝန်ယူပေးမည် ဖြစ်သည်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map