<div style='background-color: none transparent;'></div>

Home » » နိုင်ငံတော်သမ္မတရဲ့ ပြောကြားချက်နဲ့ စိုးမြတ်နန္ဒာမျှော်လင့်ထားတဲ့အိပ်မက်

နိုင်ငံတော်သမ္မတရဲ့ ပြောကြားချက်နဲ့ စိုးမြတ်နန္ဒာမျှော်လင့်ထားတဲ့အိပ်မက်

'အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် တက္ကသိုလ်ကြီး ၃ ခု၌ ပြည်ပမှ တက္ကသိုလ်များလာရောက်ဖွင့်လှစ်ရန် ၄င်း၏ အမေရိကန်ခရီးတွင် ဖိတ်ခေါ်ခဲ့ပြီး မ
ကြာမီ လာရောက်ဖွင့်လှစ် လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကယနေ့တွေ့ ဆုံပွဲတွင် ထပ်လောင်းပြောကြားခဲ့သည်' လို့ နိုင်ငံတော် သမ္မတရဲ့ ပြည်တွင်း စာနယ်ဇင်းများ နဲ့ တွေ့ဆုံမှုသတင်းဖော်ပြခဲ့တဲ့Popular Myanmar News Journal ဖေ့စ်ဘုတ်က စာကိုဖတ်ရှုပြီး သူ့ရဲ့ ပရိသတ်များအတွက် ဖေ့စ် ဘုတ် စာမျက်နှာထက်ကနေ အသိပေးဝေငှတဲ့ ခံစားချက်လေးက ကြည်နူး နှစ်သက်စရာလေးဖြစ်လို့ ပေါ်ပြူလာ စာဖတ်ပရိသတ်များအတွက် အခုလို ဖော်ပြပေးလိုက်ပါတယ်။

' အမျှော်လင့်ဆုံး အိပ်မက်တစ်ခုပါ ။ သားကို ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ်။ တခြားနိုင်ငံမှာလည်းသူ့ကို သွားမနေစေချင်သလို ကိုယ်လည်း လိုက်ကြည့် မပေးနိုင်ဘူး။ ကိုယ်ချစ်တဲ့ တိုင်းပြည်မှာ ကိုယ့်ယဉ်ကျေးမှုနဲ့ လည်းမဝေးအောင် သားကိုကြီးပြင်းစေချင်တယ်။ ကိုယ့်ကိုသူအားကိုးချင်သေးတဲ့အရွယ်ထိ တာဝန်ကျေပေးဖို့ အသင့်ပါပဲ။ သူကိုယ့်အပေါ် ပြန်တာဝန်ကျေပါ့မလား ဆိုတာမျိုးလည်း မစဉ်းစားဘူး။ အချိန်တန်အရွယ်ရောက်လာရင် ကြိုက်တာ ဆုံးဖြတ်ခွင့်လည်း ပေးဦးမှာ ပါ။ အခုအချိန်လေးမှာတော့ကိုယ်တွေ မရှိတော့မယ့်အချိန်၊ သူ လူတန်းစေ့နေနိုင်အောင်၊ ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးဖို့က ကိုယ့်အပေါ်မှာ တာဝန်အရှိဆုံးပါပဲ။

အခုဆိုရင် သားကကိုယ့်အပေါ်လည်း အရွယ်နဲ့ မလိုက်အောင် နားလည် တတ်တယ်။ စာလည်းကြိုးစားသလို ဒီအရွယ်လေးနဲ့ ချွေတာ တတ်တယ်။ အဆော့သန်တာလေးက လွဲလို့ လိမ္မာတဲ့သားကို တိတ်တိတ်လေးပူနေ ရတာက သူ့ရဲ့ပညာရေးပါပဲ။ နိုင်ငံခြားဆန်ပြီး ယဉ်ကျေးမှုဆိုတာကို မနည်းပြန်လိုက် သင်ရမှာလည်း စိုးတယ်။ အဲဒါကြောင့် မနက်ကျောင်း တက်ရင် မြန်မာနိုင်ငံတော်သီချင်းဆိုရတဲ့ အင်္ဂလိပ်စာရော မြန်မာလိုပါ သင်တဲ့ မြန်မာတွေရဲ့ အထင်ကရနေ့တွေ၊ ဥပမာ-သီတင်းကျွတ်ဆို မိဘကန်တော့တာ ကျောင်းသားတွေစုပြီး ကထိန်သင်္ကန်း ကပ်တာမျိုးတွေပါလုပ်တဲ့ Pride International School Myanmar မှာ ရွေးထားလိုက်ပါတယ်။

ဒါပေမဲ့ တက္ကသိုလ်တက်ရင်ဆိုတာကို စဉ်းစားမိပြီးရင် အတ္တဆန်တယ် ပဲပြောပြော ကိုယ့်မျက်စိအောက်မှာပဲ ထားချင်တယ်လေ။ အခုတော့ မျှော် လင့်ထားတဲ့ အိပ်မက်လေး ဖြစ်လာမယ်ဆိုရင် သမ္မတကြီးကို တစ်သက် စာ ကျေးဇူးတင်လေးစားမိမှာပါ'

စိုးမြတ်နန္ဒာ(၂၁-၁ဝ-၂ဝ၁၂)
popular journal
Share this article :

2 comments:

မြတ်နိုးသူ said...

သတင်းလေးတွေလာရောက်ဖတ်ရှုသွားပါတယ်အကို

မိုးနတ်ကြယ်စင် said...

လာမွှေသွားပါတယ်အကိုတော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map