<div style='background-color: none transparent;'></div>

Home » » အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သောအရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သောအရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

၅.၁၁.၂၀၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ယာဉ်မောင်း ရဲဇော် မောင်း နှင် သည့်   ဒ/… … …… …….. ယာဉ်အား  ဘုရားလမ်းတွင်
အမည်မသိ လူငယ် (၄)ဦးမှသုဝဏ္ဏတံတားအဆင်း “ DC” နိုက်ကလပ်သို့  ငှားသွားရာ နိုက်ကလပ် ရောက်ခါနီး တွင် ယာဉ်နောက်ခန်း wGif စီးနင်း လာသူမှ ယာဉ်မောင်းအား ချွန်ထက်သော အရာဖြင့် ထောက်၍ အခြားတစ်ဦးမှ လည်ပင်းညှစ်သဖြင့် ယာဉ်မှာ သုဝဏ္ဏ အားကစားရုံ အနီး သစ်ပင်အား ၀င်တိုက်ပြီး ရပ်သွားစဉ် ယာဉ်မောင်းဘေးထိုင်သူမှ ယာဉ်မောင်းထံမှ ငွေ သုံးသောင်း ( ၃၀၀၀၀)ကျပ် နှင့် လိုင်စင်အားလုယူကာထွက်ပြေးသွားကြသဖြင့် သင်္ဃန်းကျွန်းရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံးမှ တိုင်း/ ခရိုင် မြို့ နယ်အသီးသီးတွင် မင်းမဲ့ စရိုက်ဆန်ပြစ်မှုများနှိမ်နှင်းခြင်း အထူးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ များအားဆက်သွယ်ကွပ်ကဲညွှန်ကြားခဲ့ ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ ဝင်များသည် ပြစ်မှုကျုးလွန်သူ (၄)ဦးအနက်မှ သာကေတနေ တင်စိုး(ခ)ကုလား ဆိုသူနှင့် ပြည်မြို့ နေကောင်းပြည့်(ခ) ရေခဲ တို့ (၂)ဦးအား မူခင်းဖြစ်ပြီး ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှသတင်းရပါသည်။

Myanmar News Now
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map