ဂျပန်နိုင်ငံအိုကီနာဝါကျွန်း နာဟာမြို့ မှာ ကျင်းပတဲ့ Miss International ပြိုင်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံက ပအို့ဝ်တိုင်းရင်းသူ မနန်းခင်ဇေယျာ
ဟာ
အောက်တိုဘာလ ၂၁ရက်၊ မွန်းလွဲ ၃နာရီ မှာ နိုင်ငံပေါင်း ၆၈ နိုင်ငံ
ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss International ပြိုင်ပွဲ နောက်ဆုံး ဖိုင်နယ်ကို
ယှဉ်ပြိုင်ရတော့မှာဖြစ် ပါတယ်။ Miss International ဆုကိုရရှိတာ၊
မရရှိတာကို မခန့်မှန်းနိုင်ပေမယ့် ယှဉ်ပြိုင်ပွဲ အတွက် camp
သွင်းစဉ်ကာလများမှာ အွန်လိုင်းမဲပေး စနစ်နဲ့ ရွေးချယ် တဲ့ People’s
Choice ဆုကို ပရိသတ်ရဲ့ ညီညွတ်အားပေးမှုနဲ့ ရရှိခဲ့ပါပြီ။
မြန်မာပရိသတ်များရဲ့ ကိုယ့်အမျိုးကို ချစ်တဲ့စိတ်၊ ကိုယ့်နိုင်ငံ သူကို
နိုင်စေလိုတဲ့စိတ်တွေနဲ့ ဝိုင်းဝန်း မဲပေးခဲ့ခြင်းက တရားဝင်မဲပေးရမယ့် www.flickr.com
ဝက်ဆိုက်မှာ သတ်မှတ် အရေတွက်ထက်ကို ကျော်လွန် ပြီး အသစ်
ထပ်ဖွင့်ရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ ဂျပန် နိုင်ငံမှာ ယှဉ်ပြိုင်ရင်း
ဒီကပရိသတ်တွေနဲ့ လည်း အဆက်မပြတ်ချင်တဲ့ နန်းခင်ဇေယျာ က ဖေစ့်
ဘုတ်ကနေတစ်ဆင့် မြန်မာနိုင်ငံ ပရိသတ်တွေနဲ့ ထိတွေ့ခဲ့ပါတယ်။ ဒါပေမဲ့
သူ့ရဲ့အကောင့်တွေ တစ်ခုချင်းစီ ဟက်ခြင်းခံ ခဲ့ရတာကြောင့် သူ့ရဲ့အကောင့်
အစစ်အမှန်ကို သေချာစွာ စိစစ်ရှာဖွေပြီးဂျပန်ရောက် Miss International
ပြိုင်ပွဲဝင် နန်းခင်ဇေယျာရဲ့ စကားသံကို အနည်းငယ် မေးမြန်းဆွဲ ယူ
ကြည့်ဖြစ်ပါတယ်။ ယှဉ်ပြိုင်စဉ်ကာလ တစ်လျှောက်လုံးမှာ လူမှုရေးလုပ် ငန်းတွေ၊
အားကစားတွေနဲ့ တခြား လေ့လာရေးတွေကို တခြားနိုင်ငံတွေနဲ့ အတူတွဲပြီး
လုပ်ကြရပါ တယ်ဆိုတဲ့ နန်းခင်ဇေယျာက အဲဒီကာလတွေ မှာ ဖိုရမ်တွေလည်း
တက်ပြီးတော့ဆွေးနွေးရ တယ်လို့ပြောပါတယ်။ ပြိုင်ပွဲဝင် camp သွင်း နေစဉ်
အဓိကကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေကို အွန်လိုင်းက တစ်ဆင့်
မေးမြန်းတဲ့အခါမအားလပ်တဲ့ ကြားထဲကနေ နန်းခင်ဇေယျာက အခုလိုပြန်ဖြေပေးပါတယ်။
“တအားကို ထူးခြားတဲ့ အတွေ့အကြုံ တွေရပါတယ်။ ခရီးသွားရတာ ပျော် တယ်။ အဓိကကတော့ တခြားလူမျိုးတွေ၊ တခြား နိုင်ငံသားတွေရဲ့ ဓလေ့ စရိုက်တွေကို အနီးကပ်လေ့ လာခွင့်လည်းရတာပေါ့။ အခက်အခဲ ကတော့ ကြီးကြီးမားမားတော့ သိပ်မရှိပါဘူး။ ညီမ ကိုယ်တိုင်ကလည်း ဧည့်လမ်းညွှန် (Tourist Guide) တစ်ယောက် ဖြစ်တာကြောင့်လည်း ပါမယ်ထင်တယ်။ ဒါပေမဲ့ အမှန်အတိုင်းပြော ရရင်တစ်ခါတလေမှာတော့ အားငယ်မိပါတယ်။ ဒါပေမဲ့အဲဒီအချိန်တွေမှာ ကိုယ့်နိုင်ငံ အတွက် လာတာ၊ ညီမအကောင်း ဆုံး ဖြစ်အောင်နေရ မယ်ဆိုတဲ့ စိတ်ကို မွေးလိုက်ရင်တော့ ဘယ်လောက် အားငယ်နေနေ စိတ်ဓာတ်ပြန်တက် လာပါတယ်။ အထူးသဖြင့် ညီမ ကို တောက်လျှောက် အားပေးကြတဲ့ စာတွေ၊ မက်ဆေ့ခ်ျ တွေ၊ ဆုတောင်းပေးနေ ကြတာတွေ မြင်တဲ့ အခါ(အထူးသဖြင့် ဖေ့စ်ဘုတ် မှာပေါ့) မြန်မာ ပရိသတ်တွေနဲ့ အွန်လိုင်းမှာ စကားပြောဖြစ် တဲ့အခါမှာတော့ အခက်အခဲ အားလုံးကို မေ့ပြီး ဆက်ကြိုးစားဖို့ ခွန်အားသစ်တွေ ဖြစ်လာ ပါတယ်”လို့ ပြောပါတယ်။
အခုဆိုရင်နန်းခင်ဇေယျာကို အကြောင်း ပြုပြီး အွန်လိုင်းမှာ မြန်မာပြည် သားများ စုစည်းညီညွတ်စွာနဲ့ vote ပေးကြတာဟာ တရားဝင်မဲပေးတဲ့ ဆိုက် www. flickr. com မှာတောင် အကောင့်သစ် နောက်တစ်ခုထပ် ဖွင့်ခဲ့ရတဲ့ အထိဖြစ်ပါတယ်။ Miss International ဆုအတွက် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခဲ့ကြတဲ့ အပေါ်မှာ နန်းခင်ဇေယျာက “အမှန် အတိုင်း ပြောရရင် ညီမ ဒီမှာလာပြိုင်ရမယ် ဆိုကတည်းက မြန်မာပရိသတ် ရဲ့ အားပေးမှုကို မျှော်လင့်ခဲ့ပါတယ်။ ထိုက်သင့် သလောက်ရမယ် လို့လည်း ယုံကြည်ခဲ့ ပါတယ်။ ဒါပေမဲ့ အခုလောက်ကြီး ညီမ ကို ပံ့ပိုးအားပေးမယ်လို့ တော့ ထင်မထားမိတာ အမှန်ပါ။ ထင်မထား မိတာထက် မမျှော်လင့်ရဲ ခဲ့တာပါ။ ပြီးတော့ ညီမတို့ နိုင်ငံရဲ့ အင်တာနက် သုံးတဲ့လူဦးရေက တခြားနိုင်ငံ တွေနဲ့ယှဉ်ရင် တအာနည်းနေ သေးတယ်လေ။ ဒါပေမဲ့ တကယ် တမ်းကျတော့ ညီမတို့ မြန်မာ လူမျိုး တွေရဲ့ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်၊ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်တွေနဲ့ အပင်ပန်းခံ၊ ဒုက္ခခံပြီး ညီမကို အခုလို အားပေးကြတာကိုတွေ့ခဲ့ရပါတယ်။ မြန် မာနိုင်ငံသားတွေဟာ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကို ဘယ်လောက်ချစ်လဲဆိုတာ ညီမသိလိုက်ရပါတယ်။ အဲဒီ အတွက် ညီမတအား ဂုဏ်ယူသလို၊ မပြောပြတတ်တဲ့ ခံစားမှုတွေနဲ့ ဝမ်းသာ ကြည် နူးမိပါတယ်။ တစ်ခါတလေမှာ စာတွေဖတ်ရင်း၊ ဖေ့စ် ဘုတ်ကြည့် ရင်း မျက်ရည်တောင် ကျမိတဲ့အထိပါပဲ။ ပြီးတော့ ညီမ ကိုယ်ညီမလည်း အကောင်းဆုံးဖြစ် အောင် ကြိုးစားမယ်ဆိုတဲ့ တွန်းအားတွေဖြစ် ပေါ်လာမိပါ တယ်” လို့ ပြောပါတယ်။ မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို တခြားနိုင်ငံ သူတွေက အားကျ ကြပြီး မြန်မာ လူမျိုးတွေ ရဲ့မျိုးချစ်စိတ်နဲ့ နိုင်ငံချစ်စိတ် ကိုအားလုံးက လေးစားသွား ကြတယ်လို့လည်း နန်းခင်ဇေယျာကပြော ပါတယ်။
“ညီမကို တအားဂရုစိုက်ကြတာ မယုံ ကြည်နိုင်အောင်ပါပဲ။ အားလုံးချီးကျူး ကြတယ်။ ဘာဖြစ်လို့ညီမတို့နိုင်ငံက လူတွေက အဲ ဒီလောက်ချစ်တာလည်း လာမေးကြတယ်။ ညီမ ကို supporter တွေကဒီပြိုင်ပွဲမတိုင်ခင်လုံးဝ သိတောင် မသိကြဘူးဆိုတာကို ကြားတော့ သူတို့တအား အံ့သြပါတယ်။ အားကျတယ်လို့ လည်းပြောကြတယ်” လို့ပြိုင်ပွဲ ဝင်အချင်းချင်းတောင် အားကျရတဲ့ အကြောင်းကိုပြောပါတယ်။ ဆက်လက်ပြီး နန်းခင်ဇေယျာက “နန်းခင်ဇေယျာဆိုတာ ဘယ်သူဘယ်ဝါလည်း မသိပေမယ့် မြန်မာ ဆိုတဲ့ မျိုးချစ်စိတ်နဲ့ ညီမကို အစဉ် တစိုက် ပံ့ပိုးအားပေးနေကြတဲ့ ပရိသတ်ကြီး ကိုတအား ကျေးဇူးတင်ပါတယ်။ တချို့ဆိုရင် ညတွေမအိပ်ဘဲ Vote လုပ်ပြီး တစ်ချိန်လုံးညီမကို support လုပ်ပေးနေတာလို့ သိရပါတယ်။ ညီမ ကို မြန်မာပရိသတ်တွေ ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်နိုင်စေ ချင်တယ်ဆိုတာ အကြင်းမဲ့ နားလည်ပါတယ်။ အခုဆို ဒီမှာအားလုံးက တစ်ခုခုဆိုရင် ညီမကို မေးကြတယ်။ Miss Myanmar ဆို ပြီး အားလုံးက ဂရုတစိုက်နဲ့လာတွေ့ကြပါတယ်။ နိုင်ငံခြားသား တွေကလည်း ညီမက အင်တာနက်မှာ တအားနာမည်ကြီးပြီး မဲတွေ ရနေလို့ဆိုပြီး ပြောသွားကြ၊ အမှတ်တရ ဓာတ်ပုံရိုက်သွားကြနဲ့ ညီမကို နေရာတစ်ခု ပေးပြီး အလေး ထား ဆက်ဆံ ကြပါတယ်။ ဒါတွေအားလုံး က မြန်မာပရိသတ်တွေရဲ့ ကြိုးစားမှု၊ အားပေးမှု၊ ပံ့ပိုးမှု တွေကြောင့် ညီမရနေတာ ပါ။ အဲဒီကျေးဇူးတွေကို လည်း ဘယ်တော့မှ မေ့လို့ရ မှာ မဟုတ်ပါဘူး” လို့ သူ့ရဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အမှတ်ရနေတဲ့ အကြောင်း ပြောပြီး မြန်မာလူမျိုးတွေ ရဲ့စိတ်ဓာတ်ကို တအားဂုဏ် ယူပါတယ်။ တခြားနိုင်ငံသား တွေကိုလည်း ဒီအကြောင်းတွေကို ဂုဏ်ယူပြီးပြောပြနေ ပါတယ်ဆိုတာကိုလည်း နန်းခင်ဇေယျာက ပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ အွန်လိုင်း vote ပိတ်ရက်ညမှာတော့ နန်းခင်ဇေယျာဟာ မဲအများဆုံး ဖြစ်နေခဲ့ ပြီး အောက်တိုဘာလ ၂ဝရက်နေ့ မနက်မှာတော့ နန်းခင်ဇေယျာဟာ People’s Choice award ဆု ရရှိ သွားကြောင်းသိရပါတယ်။
ရဲရဲ

popular journal

0 comments:
Post a Comment