<div style='background-color: none transparent;'></div>

Home » » "နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

နေပြည်တော် အောက်တိုဘာ ၂၃ ရက်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က"

၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ
အမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး
ပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊
ပူဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကို
မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
popular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map