Miss Internet ဆုအတွက် ပြိုင်ပွဲကော်မတီရဲ့ flickr စာမျက်နှာမှာ မဲပေးနေကြတာပါ။
လိပ်စာက - http://www.flickr.com/photos/64086169@N03/8062634660/in/set-72157631640709082
နန်းခင်ဇေယျာကို မဲပေးပုံ
၁။ နန်းခင်ဇေယျာရဲ့ ပုံအထက်မှာ ☆ Favourite ဆိုတာကို ကလစ်ပါ။
flickr မှာ ကိုယ့်အကောင့် ရှိတယ်၊ sign in ထားတယ် ဆိုရင် သူ့ကို မဲပေးမှု ပြီးပါပြီ။
၂။ အကောင့် မရှိသေးဘူး ဆိုရင်တော့ ကလစ်လိုက်တာနဲ့ Facebook သို့မဟုတ် Gmail တို့ကတဆင့် ၀င်ရမယ့် စာမျက်နှာတခု ပေါ်လာပါမယ်။
Gmail ကနေ ၀င်မယ် ဆိုရင် login name, password တို့ကို ထုံးစံအတိုင်း ဖြည့်ရပါတယ်။ ဒါ့အပြင် flickr screen name ကို ထည့်ရပါမယ်။ ကိုယ့်နာမည်တခုခု ထည့်လိုက်ရုံပါပဲ။ မွေးနေ့လည်း တောင်းပါလိမ့်မယ်။
လောလောဆယ် မြန်မာက ၅,၃၂၈ မဲ ရနေပါတယ်။
နိုင်ငံတကာပရိသတ်က ဒီပွဲကို အာရုံမစိုက်ကြဘူးလို့ ယူဆပါတယ်။ မဲပေးမှု အင်မတန် နည်းပါးနေပါတယ်။
ဒါကြောင့် နိုင်ငံအများအပြားက ပြိုင်ပွဲဝင်မယ်တွေဟာ မပြောပလောက်တဲ့မဲအရေအတွက်နဲ့ မြန်မာနောက်က လိုက်နေတာ တွေ့ရမှာပါ။
တချို့ ဆိုရင် ဘဲဥကွဲရုံတင်လေးပါပဲ။
ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ Miss Internet ဆုကို မြန်မာကိုယ်စားပြု နန်းခင်ဇေယျာ ရရှိမှာပါ။
http://blog.irrawaddy.org/2012/10/miss-internet.html


















2 comments:
i like miss india 101
she should win miss international
I like nang khin zay yar
Post a Comment