<div style='background-color: none transparent;'></div>

Home » » ကလောမြို့တွင် အသက်(၄၄)နှစ် ယောင်္ကျားတစ်ဦး ကြိုးဆွဲချသေဆုံး

ကလောမြို့တွင် အသက်(၄၄)နှစ် ယောင်္ကျားတစ်ဦး ကြိုးဆွဲချသေဆုံး

 ရှမ်းပြည်နယ်၊ ကလောမြို့၊ မှိုင်းလုံးတောင်(မိုက္ကရိုဝေ့ပ်)အနီးတွင် အောက်တိုဘာလ(၈)
ရက်ညပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေ
ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


သေဆုံးသူကတော့ ဦးမြင့်သန်း၊အသက်(၄၄)နှစ်၊ ကျပန်းလုပ်ကိုင်ပြီးတော့ ကလောမြို့၊ရပ်ကွက်(၃) မှာ နေထိုင် သူ ဖြစ်ပါတယ်။ကော်သားပင်သစ်သားကိုင်းမှာ နိုင်လွန်ကြိုးကိုချီပြီး

 ကြိုးဆွဲချသေဆုံးတာဖြစ် ပြီး ပြင်ပ ဒဏ် ရာ လည်း မတွေ့ရကြောင်း သိရပါတယ်။ ဦးမြင့်သန်းရဲ့ 
အလောင်းကို ၈ ရက်နေ့ည ၁၁ နာရီကျော်မှာ ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ထားပြီး ကလောရဲစခန်းမှ

 အမှုဖွင့်ထားကြောင်း သိရပါတယ်။

``မနက်မိုးလင်းကာစ ၆ နာရီခွဲ လောက်တုန်းက ကိုမြင့်သန်း နိုင်လွန်ကြိုးတစ်ချောင်းကို ယူပြီး

 မှိုင်းလုံးတောင်(မိုက္ကရိုဝေ့ပ်) ဘက်ကိုထွက်သွားတယ်။ ကျွန်မလည်းထင်းရှာထွက်ရင်း၊ 
အသီးအရွက်သွားခူး တာလို့ဘဲ ထင်လိုက်တယ်။ 



ဒါပေမဲ့ ညနေ(၇)နာရီအထိ ပြန်မလာတာကြောင့် ဆယ်အိမ်မှူး ဦးထွန်းတင်ဆီ ကိုသွားပြီး ပြောပြခဲ့ပါတယ်။ ရပ်ကွက်ကလူတွေပေါင်းပြီး မှိုင်းလုံးတောင်ဘက်ကိုသွားရှာတော့မှ အခုလို အဖြစ်မျိုးနဲ့ ကြုံနေရတဲ့ ကျွန်မ ယောက်ကျားကို တွေ့ရတာပါလို့´´ဦးမြင့်သန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ကြည်သင်းမှ 

ဝမ်းနည်းစွာ   ပြောကြားသွားခဲ့ပါတယ်။




ရှမ်းသတင်းစဉ် 
ရျွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map