<div style='background-color: none transparent;'></div>

Home » » အောင်မင်္ဂလာကားဝင်းအတွင်းချစ်သူချင်းစကားများရာမှ ဓါးထိုးမှုဖြစ်

အောင်မင်္ဂလာကားဝင်းအတွင်းချစ်သူချင်းစကားများရာမှ ဓါးထိုးမှုဖြစ်

အောက်တိုဘာလ (၁၁) ရက်နေ့မှာ ဦး.....(၄၁)နှစ်သည်အောင်မင်္ဂလာ အဝေးပြေး
ကားဝင်း အတွင်းမှာ ရှိနေစဉ်  မွေးစားသမီး
 ဖြစ်သူ မ.....(၃၁)နှစ် ကို ဓါးထိုး ခံရကြောင်း

 ဇနီးဖြစ်သူ....က ဖုန်းဆက် အကြောင်းကြားတဲ့ အတွက် နေအိမ်ကို ပြန်တဲ့အခါ သမီးဖြစ်သူမှာ သူ၏ ရည်းစားဖြစ်သူ ကို.....(စိစစ်ဆဲ) နဲ့ စကားနိုင် လုရင်းကနေ စကားများပြီး အဖြူရောင် ကော်ရိုးတပ် အရိုးအသွား(၆)လက်မခန့်ရှိတဲ့ စတီးဓါးနဲ့ ထိုးတဲ့အတွက် မ.......ရဲ့ ၀ဲပါးပြတ်ရှ၊ ကျောဝဲဘက် ထိုးသွင်း ဒဏ်ရာတို့ရပြီး သင်္ဃကျွန်း စံပြဆေးရုံမှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရတဲ့ အတွက်


ဖခင်ဖြစ်သူဦး.......ကတရားလို ပြုတိုင်တန်းထားကာ တ/ဥက္ကလာပရဲစခန်းက (ပ) ၆၄၇/၁၂
ပုဒ်မ ၃၂၆ နဲ့ စုံစမ်းနေရာကနေ အောက်တိုဘာလ (၁၂) ရက်နေ့မှာ သေဆုံးသွားတဲ့ အတွက် ပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂ ကိုပြောင်းလဲ အမှုဖွင့်ပြီး အမှုကို ဆက်လက်စုံစမ်း နေတယ်လို့ သိရတယ်။


 The Modern News Journal
ရွှေမြန်မာမီဒီယာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map