ခုဆို သိပ်ချစ်စရာကောင်း
တဲ့အမူအရာ တွေလုပ်တတ်ပြီ။ အရင်တုန်းကတော့ ကျွန်တော်တို့ နှစ်ယောက်တည်း
ဆိုတော့ အလုပ် ကိုပဲ အားစိုက်လုပ်တယ်။ အခုတော့ပိုပြီး ပြည့်စုံတဲ့၊
အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင် ရပြီ။ အခု နှစ်ယောက် ရှိနေတုန်းကလို
မဟုတ်တော့ဘူး။ အချိန်တွေ အားသမျှကို သားလေး ရွှေပိုင်အတွက်ပဲ ဖြစ်နေတယ်။
သူကျွန်တော်တို့ ဆီရောက်လာပြီး ကတည်းက အိမ်မှာ စိုစိုပြည်ပြည်နဲ့ မိသားစု
ဆိုတဲ့ အဓိပ္ပာယ် ပြည့်စုံလာတယ်။ သူ့ကို ဂရုစိုက် ရတော့ ကိုယ့်အတွက်
အချိန်တောင် မရှိသလောက်ပဲ” လို့ သားလေးရဲ့ ချစ်စဖွယ် အမူအရာကို
ပြောပြခဲ့ပါတယ်။ အိမ်ထောင် တစ်ခု တည်မြဲဖို့အတွက် ဘယ်လိုအရာကို ဆောင်ပြီး
ဘယ်လို အရာမျိုး ရှောင်သင့်သလဲလို့ မေးကြည့်တော့
“အိမ်ထောင် ဆိုတာကတော့ ချစ်ခြင်းမေတ္တာတွေ လိုအပ်သလို၊ အရေး အကြီးဆုံး ဖြစ်တဲ့ နားလည်မှု မရှိရင် အိမ်ထောင်တစ်ခု တည်မြဲဖို့ ဆိုတာ မလွယ်ဘူး။ အနုပညာရှင်ရော အခြားအခြားသော သူတွေရော အိမ်ထောင် တစ်ခုကို နားလည်မှု၊ ချစ်ခြင်းမေတ္တာ၊ သစ္စာတရားတွေရှိဖို့ လိုအပ်တယ်။ မရှိမဖြစ်တဲ့ အိမ်ထောင်တစ်ခုရဲ့ အဓိကတည် မြဲခြင်းကတော့ သစ္စာနဲ့ နားလည်မှုပါပဲ” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
ဓါတ်ပုံ - မြတ်သော် (94 Studio)

popular journal

0 comments:
Post a Comment