<div style='background-color: none transparent;'></div>

Home » » "သန့်ရှင်းစွာကြိုးစား ယှဉ်ပြိုင်ဖို့နန်းခင်ဇေယျာတောင်းဆိုကြောင်း အွန်လိုင်းမှာပျံ့နှံ့"

"သန့်ရှင်းစွာကြိုးစား ယှဉ်ပြိုင်ဖို့နန်းခင်ဇေယျာတောင်းဆိုကြောင်း အွန်လိုင်းမှာပျံ့နှံ့"

ဂျပန်နိုင်ငံအိုကီနာဝါမြို့မှာ ကျင်းပတဲ့ ၅၂ကြိမ်မြောက် Miss International 2012 Pageant ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာကို အင်တာနက်
ဖေ့စ်ဘုတ် စာမျက်နှာတွေဟာလည်း တစ်ခုပြီးတစ်ခု hack ခြင်းများခံ ခဲ့ရပြီး နန်းခင်ဇေယျာရဲ့ ဖေ့စ်ဘုတ်လို့ ယူဆရတဲ့ www.facebook. com/ nangkhin.zayyar.9 ကို ဖေ့စ်ဘုတ်ပေါ်မှာ ပုံများနှင့်တကွ အောက်တို ဘာ ၁၃ရက်နေ့ မနက်မှာ တွေ့ရပြီး အဲဒီစာမျက်နှာမှာ ‘အားပေးပံ့ပိုး ကူညီကြ သူများ အား မေတ္တာရပ်ခံခြင်း’ လို့ဖော်ပြထားတာကို တွေ့မိတာကြောင့် ပရိ သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ “အခုဆိုရင် ညီမကိုအစဉ်တစိုက် စောင့်ရှောက်အားပေးပြီး Vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိသတ်များဟာ လုံးဝမမျှော်လင့်ထားအောင် များပြားလာပါတယ်။ ဒီနေ့ မနက် အိပ်ရာနိုးတဲ့ အချိန် Vote အရည်အတွက်ကို ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော် လင့် ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ညီမရဲ့သူငယ်ချင်း သတိပေး စ ကားပြောလာပါတယ်။ အဲဒါကတော့ ညီမရဲ့ facebook Account Wall မှာ သူတို့တွေ့ လိုက်ရတဲ့ Auto Refreshing Softwareအကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း ကျွမ်းကျွမ်း ကျင်ကျင်ကြီး နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့ပြောသွားပုံအရတော့ အဲ့ဒါဟာတရားမဝင်ဘူး လို့ပြောပါတယ်။ လူက Vote လုပ်တာမဟုတ်ဘဲ Software ကပဲ Auto Vote လုပ်တာ ဖြစ်တဲ့ အတွက် ILLEGAL လို့ပြောပါတယ်။ တကယ်လို့ Flickrကသာ သိသွား လို့ တရားဝင်တိုင်ခဲ့ရင် ညီမကို Vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်း ပြော ပါတယ်။ အဲဒါကြောင့် ညီမစိုးရိမ် လို့ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးလိုသာ ILLEGAL ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာ ကနေ ညီမက အဲဒီ Systemကို မသုံးဖို့ အနူး အညွတ်ေ တာင်း ပန်ပါတယ်။ အခုညီမကို အားပေး ပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံ သားတွေ ရဲ့ အင်အားနဲ့လည်း ပြိုင်ဖက်တွေ ကို သေချာပေါက် ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ညီမတို့ အားလုံး သန့်ရှင်းစွာနဲ့ အတူတူ အကောင်း ဆုံး ကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့ အားလုံးကို တောင်းဆို ပါရစေ။ ညီမကို နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ချစ်ခြင်းများစွာနဲ့။ နန်းခင်ဇေယျာ။”လို့ ဆိုထားပါတယ်။
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map