<div style='background-color: none transparent;'></div>

Home » » ညည့်နက်ချိန် ဆဲလ်ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

ညည့်နက်ချိန် ဆဲလ်ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

ညအိပ်ရာဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက်  များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးပြဿနာ များ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိခဲ့ကြပါ တယ်။
အိပ်ရာဝင်ပြီးနောက်မှာ မှ လက်ကိုင်ဖုန်းအသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက်ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်းတို့ကို ပြုလုပ် သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်း မာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ် သေသည့် အတွေးများ ဖြစ်ပေါ်လာနိုင် ခြေ များကြပါတယ်။
အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက် အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်း ကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင် ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက် ကို နှိုးဆွသော အလုပ်များ ဆောင် ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအ ချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်း ကို ထိခိုက်စေတာဖြစ်ပါတယ်။ ဒါ့အ ပြင် အိပ်မပျော်ခြင်းဟာ မိမိကိုယ်ကို သတ်သေသည့် အတွေးများဖြစ်ပေါ် လာနိုင်ခြေကိုမြင့်တက်လာစေကြောင်း သုတေသနများ ရှိထားခဲ့ပြီးဖြစ်ပါတယ်။
သို့သော်လည်း အဆိုပါ သုတေ သနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားသော ဂျပန်လူမျိုး ဆယ်ကျော်သက် များအား လေ့လာခဲ့ ခြင်းဖြစ်သောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေကြောင်း သိရပါတယ်။
ရိုးရာလေး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map