မြန်မာ့သမိုင်းကို ရေးခဲ့ကြတဲ့ သူရဲကောင်းတွေပါ
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ကျနော်လည်း သိပ်မအားတာနဲ့ ဖေ့ဘွတ်ထဲကို မ၀င်ဖြစ်ပါဘူး၊ အားတဲ့ အချိန်လေးတွေမှာ ဆိုဒ်ထဲဝင် စာရေးပြီး အလုပ်ဆီ ပြန်ပြေးနေရတာပါ၊ ဒီနေ့တော့ ဖေ့ဘွတ် ဖွင့်ကြည့်မိပါတယ်၊ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုမဖြစ်သင့်တဲ့ ဖေါ်ပြမှုလေးတစ်ခုကို တွေ့လိုက်ရလို့ပါဗျာ..
သူငယ်ချင်းတို့ရေ... ဒီပုံကို ဖေ့ဘွတ်ပေါ်က လူတော်တော်များများဆီမှာ တွေ့နေရပါတယ်၊ ကျနော်ကတော့ တွေ့တွေ့ချင်း ဆိုသလို လွန်စွာ တုန်လှုပ်မိပါတယ်၊ အဲ့ဒီပုံတွေဟာ ဧရာဝတီသတင်း ဘလော့က လုပ်တာလို့ သိရပါတယ်၊ သြော်.... တော်လိုက်တဲ့ မျိုးဆက်သစ်တွေပါလားနော်.... အဲ့ဒီပုံကို ပြင်ဆင်တဲ့ မျိုးဆက်သစ်ကတော့ တော်တော်လေး တော်မယ် ထင်ပါတယ်၊ သူ့ဟာ... တော်တော်လည်း ကြောက်စရာ ကောင်းမယ်ထင်တယ်လို့ ကျနော် ယုံကြည်မိပါတယ်ဗျာ၊
အတိုက်အခံဆိုတာဟာ... လက်ရှိအာဏာပိုင်၊ လက်ရှိ အစိုးရကို အတိုက်အခံလုပ်တယ်လို့ ကျနော် မြင်မိပါတယ်၊ နိုင်ငံရေး ဆိုတာကိုတော့ ကျနော် သေသေချာချာ နားမလည်ပါဘူး၊ ဒါပေမယ့် အဲ့ဒီလို အတိုက်အခံလုပ်တဲ့ အထဲမှာ ကျနော်တို့ နိုင်ငံကို ကျွန်ဘ၀ထဲကနေ ရရာလက်နက် စွဲကိုင် ကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းတင် သူရဲကောင်းကြီးတွေကိုတော့... ဆွဲမထည့်စေချင်ပါဘူးခင်ဗျာ၊ အွန်လိုင်းမှာမို့ လွတ်လပ်စွာ လုပ်နိုင်တယ်ဆိုတိုင်း ဒီလိုလုပ်တာဟာ ဒီမိုကရေစီလားဗျာ၊ ကိုယ့်နိုင်ငံရဲ့ သူရဲကောင်းတွေကို တိုင်းတပါးက ပျက်ရယ်ပြုရင်တောင် ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ကြရမယ့်အစား ဒီလိုလုပ်လိုက်တယ် ဆိုတာကတော့.... နိုင်ငံဂုဏ်ကို များစွာ ထိခိုက်ပါတယ်၊ ဒါကို အတိုက်အခံလို့ ခေါ်မလား၊ ဒါမှမဟုတ် ဆန့်ကျင်ရေးသမားလို့ ခေါ်မလား၊ ဒါမှမဟုတ် ပြည်ဖျက်မယ့် အသားထဲကလောက်လို့ ခေါ်မလားဗျာ၊ ဒီလူ့လက်ထက်ကျမှ ကျနော်တို့ သူရဲကောင်းတွေ ကာတွန်းဖြစ်ပါတော့တယ်၊ ဒါဟာ.... ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာလား၊ ငွေလိုချင်လို့ လုပ်တာလား၊ ဆန့်ကျင်ဖက်တွေအကြား မျက်နှာကောင်း ရချင်လို့ လုပ်လိုက်တာလားဗျာ၊ ဒီပုံတွေနဲ့ ပတ်သက်ပြီး တားမြစ်မှုလည်း လုံးဝမတွေ့မိပါလား၊ ကျနော်တို့တွေ ဒီမိုကရေစီကို တောင်းဆိုခဲ့တာ နိုင်ငံကို ချစ်လို့ပေါ့၊ နိုင်ငံကို မချစ်ပဲ ပစ်သွားလို့လည်း ရကြတာပါပဲ၊ နိုင်ငံကိုချစ်လို့ အပင်ပန်း အဆင်းရဲခံပြီး ဒီမိုကရေစီကို တောင်းဆိုခဲ့တာမှန်ရင်.... နိုင်ငံ့သူရဲကောင်း အားလုံးကို ချစ်မြတ်နိုးရမယ်၊ အခုတော့... ဒီသူရဲကောင်းကြီးတွေကို အွန်လိုင်းပေါ်မှာ ဒီလိုလုပ်ထားတာဟာ ကမ္ဘာ့အလယ်မှာ အလွန် အရှက်ရစေပါတယ်။
source by:http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1482418&xgs=1&xg_source=msg_share_post

နိုင်ငံကို ချစ်တဲ့ လူမျိုးကိုချစ်တဲ့ သူငယ်ချင်းတို့က
ဒါမျိုးတွေကို ၀ိုင်းဝန်း ထိန်းသိမ်းပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်ဗျာ....။source by:http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1482418&xgs=1&xg_source=msg_share_post

0 comments:
Post a Comment