<div style='background-color: none transparent;'></div>

Home » » ၉ နှစ် သမီးလေးရဲ့ ရင်နင့်ဖွယ်အဖြစ်

၉ နှစ် သမီးလေးရဲ့ ရင်နင့်ဖွယ်အဖြစ်

အမေရိကန် ပြည်ထောင်စုရဲ့ အနာက် ပင်ဆဲလ်ဗေးနီယားပြည်နယ်၊ New Sewickley မြို့က ဟော်လိုဝင်း ပါတီပွဲ ကျင်းပတဲ့ နေရာတခုမှာ ၀မ်းနည်းဖွယ်အဖြစ်တခု ဖြစ်သွားခဲ့ပါတယ်။ 

အသက် ၉ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ ဆွေမျိုး တော်စပ်သူ အမျိုးသား တဦးက အဆိုပါ မိန်းကလေးကို တော တိရိစ္ဆာန်ထင်မှတ်ပြီး လွန်ခဲ့တဲ့ စနေနေ့ညက  သေနတ်နဲ့ ရုပ်တရက် ပစ်ခတ် ခဲ့ပါတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့ သတင်းတွေမှာ ဆိုပါတယ်။ 
မြောက် အမေရိကတိုက်မှာ လည်း တောတောင်ထဲမှာ ရန်သူနဲ့ တွေ့ရင် အနံ့ဆိုးတမျိုး သူ့ သဘာဝ ထွက်ပေါ်လေ့ ရှိတဲ့ တိရိစ္ဆာန်မျိုးက ရှိတော့ ကလေးမလေးကို အဲဒီလို ထင်မှတ် မှားခဲ့ တာဖြစ်ပါတယ်။ 

အခင်းဖြစ်တဲ့နေရာကလည်း ဟောလိုးဝင်းပါတီ( တစ္ဆေလို၊ စုန်းတွေလို ကလေးတွေ ၀တ်ဆင်ကာ ပျော် ပါးကြတဲ့ ပါတီပွဲ) ကျင်းပတဲ့ နေရလည်းဖြစ်ပြီး အဆိုပါ ကလေးမလေးကလည်း ဟော်လိုးဝင်း ၀တ်စုံ အမည်း၊ ပန်းပွားအဖြူလေးနဲ့ ဦးထုပ် အမည်း ၀တ်ဆင်ထားခဲ့တာလို့ AP သတင်းတပုဒ်က ဖော်ပြထားပါ တယ်။


ရဲက ပြောတာကတော့ မိန်းကလေးဟာ သူ့ ဆွေမျိုး အမျိုးသမီးက Skunk ဆိုတဲ့ တောတိရိစ္ဆာန် ထင်ပြီး သေနတ်နဲ့ ပစ် လိုက်တာ ကလေးမ ပုခုံးမှာ ထိမှန်ခဲ့တာလို့ဆိုပါတယ်။

အခင်းဖြစ်တဲ့ နေရာနဲ့ မိုင် ၃၀ လောက်ဝေးတဲ့ Pittsburgh ဆေးရုံကို ကလေးမလေးကို အရေးပေါ် ခွဲစိပ်ဖို့ သယ်သွားစဉ် မှာ သူက သတိလည်း ကောင်းနေသေးပြီး စကားတွေလည်း ပြောနေခဲ့ပါ သေးတယ်။ 

ဒါပေမယ့် သူ့အခြေအနေကို သူ ကိုယ်တိုင် မသိခဲ့ပါဘူး။ တာဝန်ရှိသူတွေပြောတာကတော့ အခုလို ဖြစ် သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးမှု မလုပ်သေးပါဘူးတဲ့။ အခုထိ အမှု ဟာ စုံစမ်းစစ်ဆေးဆဲပဲ ရှိ ပါသေးတယ်လို့ ဆိုပါတယ်။ 

ရဲအရာရှိ Leindecke က ပြောတာက အဆိုပါ အမျိုးသားဟာ အရက်သေစာ သောက်စားထားမှုလည်း မရှိခဲ့ဘူးလို့ ဆိုပြီး ဘယ်လို အမှု ဖွင့်ရမယ်ဆိုတာလည်း မသိသေးဘူးလို့ ဆိုပါတယ်။ 

သူတို့ နိုင်ငံ ဥပဒေက ဒီလို လေးစားစရာ ကောင်းပါတယ်။ 
 http://blog.irrawaddy.org/2012/10/blog-post_22.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map