Home »
သတင်း
» ဟောလီးဝုဒ်မင်းသမီး အန်နာဟက်သာဝေး ချစ်သူနှင့်လက်ထပ်
ဟောလီးဝုဒ်မင်းသမီး အန်နာဟက်သာဝေး ချစ်သူနှင့်လက်ထပ်
ဟောလီးဝုဒ်မင်းသမီး အန်နာဟက်သာဝေးသည် ကာလရှည်ကြာ တွဲခဲ့သော ချစ်သူ အဒမ်ရှူလ်မန်ကို လက်ထပ်လိုက်ပြီ ဖြစ်သည်။ အသက် (၂၉) နှစ်ရှိ မင်းသမီးသည် အသက် (၃၁) နှစ်အရွယ် သတို့သားကို စနေနေ့က ကယ်လီဖိုးနီးယားတွင် လက်ထပ်ထိမ်းမြားခဲ့ကြောင်း People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ အန်နာနှင့် အဒမ်တို့သည် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက စေ့စပ်ကြောင်းလမ်း ခဲ့ကြသည်။ အန်နာက လက်ထပ်ပွဲကို အကျဉ်းချုံးရန် အစီအစဉ်ရှိကြောင်း ယခင်ကတည်းက ပြောဆိုခဲ့ဖူးသည်။ "အိမ်မှာ ပါတီလုပ်နေကျပါ။ ပြီးတော့ ညစာစားပွဲ ပါတီတွေလည်း လုပ်ဖြစ်ပြီးသား မဟုတ်လား" ဟု သူမက ပြောဆိုခဲ့ဖူးသည်။
Batman: Dark Knight Rises စတား မင်းသမီးက သူမသည် အဒမ်နှင့် ချစ်ကျွမ်းဝင်ခဲ့သည့် အတွက် အလွန် ပျော်ရွှင်ကြောင်းလည်း ဆိုသည်။ "ကျွန်မအတွက် သူက ချစ်သူဖြစ်ခဲ့တာ သိပ်ပျော်ပါတယ်။ အဒမ်ဟာ လက်တွဲဖော်တစ်ယောက် အနေနဲ့ လိုအပ်ချက်အားလုံး ပြည့်စုံသူပါ။ သူရှိနေတဲ့ အခါတိုင်း ကျွန်မ ပျော်ရပါတယ်" ဟု အန်နာက ဝန်ခံခဲ့သည်။ အန်နာသည် Dark Knight Rises ဇာတ်ကားကို Promotion ပြုလုပ်နေစဉ်က သူမသည် ယခုနှစ်အတွင်း လက်ထပ်ရန် အစီအစဉ် မရှိသေးဟု ပြောဆိုခဲ့သော်လည်း ယခုလို အစီအစဉ် ပြောင်းသွားခြင်းဟုလည်း သိရှိရသည်။news.yatanarpon.com
1 comments:
ပုံထဲကတစ်ယောက်မဟုတ်ဘူးလေ...
http://www.google.com.ph/imgres?q=anne+hathaway&um=1&hl=en&client=firefox-a&hs=gGF&sa=N&rls=org.mozilla:en-US:official&biw=1236&bih=609&tbm=isch&tbnid=avGK9HEUGxuLCM:&imgrefurl=http://www.soulculture.co.uk/culture-2/scnews/the-dark-knight-rises-castings-announced-anne-hathaway-as-catwoman-and-tom-hardy-as-bane/&docid=3M73I476jncqYM&imgurl=http://www.soulculture.co.uk/wp-content/uploads/2011/01/AnneHathaway.jpg&w=1100&h=1363&ei=12FqUIm-MYiWiQf414B4&zoom=1&iact=hc&vpx=734&vpy=199&dur=881&hovh=250&hovw=202&tx=120&ty=208&sig=114193803911726311721&page=2&tbnh=133&tbnw=113&start=26&ndsp=30&ved=1t:429,r:12,s:26,i:270
အဲဒါ.... anne hathaway
Post a Comment