<div style='background-color: none transparent;'></div>

Home » » အင်တာနက် YouTube သမိုင်း တလျှောက် "Like" အများဆုံး ဗီဒီယို အဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ Oppa Gangnam Style

အင်တာနက် YouTube သမိုင်း တလျှောက် "Like" အများဆုံး ဗီဒီယို အဖြစ် ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ Oppa Gangnam Style

 PSY- Oppa Gangnam Style၊ ဓာတ်ပုံ- http://popdust.com

တောင်ကိုရီယား ရက်ပ် ဂီတအဆိုတော် တဦးဖြစ်တဲ့ PSY ရဲ့ တကိုယ်တော် Oppa Gangnam Style ဗီဒီယို သီချင်းအယ်လ်ဘမ်ဟာ တောင်ကိုရီယားနိုင်ငံသာမက၊ အရှေ့တောင် အာရှ နိုင်ငံများကိုပါ ကျော် လွန်ပြီး ဥရောပဈေးကွက်မှာပါ ရောင်းအကောင်းဆုံး ဖြစ်နေပါတယ်။

 တောင်ကိုရီယား နိုင်ငံမှာ သူရဲ့ Oppa Gangnam Style အယ်လ်ဘမ်ကို လွန်ခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ မှ ဖြန့်ချီလိုက်တာ ဖြစ်ပေမယ့် အချိန်တိုအတွင်း အလွန်အောင်မြင်တဲ့ သီချင်းအယ်လ်ဘမ် တချပ်ဖြစ်လာ ပါတယ်။ 



PSY ရဲ့ ရယ်စရာကောင်းပေမယ့် ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး ပေါ့ပါးတဲ့ ဟန်ပန် ကခုန်မှုက လည်း လူငယ် လူကြီးများကိုပါ ဆွဲဆောင်သွားနိုင်ခဲ့ပြီး ကိုရီယားယဉ်ကျေးမှုကို အသည်းစွဲကြတဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ အစရှိတဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ကလေးငယ်များကပါ ဒီသီချင်းနဲ့ ကခုန်မှုကို အသည်းစွဲနေကြပါပြီ။ 

ကိုရီယားယဉ်ကျေးမှုဟာ ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင် စတဲ့ အပျော့ထည် ( Soft power) နဲ့ ဒေသတွင်းပါမက အမေရိကန်၊ ဥရောပ အစရှိတဲ့ အနောက်ကမ္ဘာခြမ်းနဲ့ ကမ္ဘာတ၀န်းကို ဖြန့်ကျက်နေရာယူလာနိုင်ခဲ့ပါပြီ။ 

လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကပဲ ဂျာမဏီ နိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ကျင်းပမယ့် 2012 MTV Europe Music Awards အတွက် အကောင်းဆုံး ဗီဒီယို ဆုအတွက် Oppa Gangnam Style ကို အမည် စာရင်းကို တင်သွင်းခဲ့ပါတယ်။ 

စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ကမ္ဘာ့ ဂစ်နစ်မှတ်တမ်းက အင်တာနက် YouTube သမိုင်း တလျှောက် "Like" အများဆုံး ဗီဒီယို အဖြစ် Oppa Gangnam Style ဗီဒီယိုကို မှတ်တမ်း တင်ခဲ့ပါတယ်။ 


Oppa Gangnam Style ကို အောက်ပါ ဗီဒီယိုက တဆင့် ကြည့်ရှု့ခံစားနိုင်ပါတယ်။  
 http://blog.irrawaddy.org/2012/10/oppa-gangnam-style.html

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map