ရွှေဘိုမြို့နယ် အုန်းပေါက် ကျေးရွာအနီးတွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၈
နာရီဝန်းကျင်အချိန်ခန့်တွင် အမျိုးသမီး
အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရကြောင်းသတင်းရရှိသည်။
အုန်းပေါက်ကျေးရွာ
အရှေ့ဘက်လယ်ကွင်းများရှိရာ ရွှေဘို၊ ကျောက်မြောင်းကားလမ်းမ၏ ဘေးဘက်ရှိ
စေတီတစ်ခုအနီးရှိချုံတစ်ခုတွင် အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်ကာ
ရွှေဘိုဆေးရုံသို့ပို့ဆောင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
''နံနက်ပိုင်း
ခရီးသွားတစ်ယောက်က အပေါ့သွားရင်းနဲ့
ချုံထဲမှာအလောင်းကိုတွေ့လို့ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာ
အဲဒီကမှ သက်ဆိုင်ရာသို့ အဆင့်ဆင့်သတင်းပို့ ဆောင်ရွက်ရတာပါ။
အလောင်းက
ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရဘူး၊၊ အမျိုးသမီးဆို တာပဲသိရတယ်။
အနီးတစ်ဝိုက်ရွာတွေမှာလည်း လူပျောက်တာမျိုးပြောသံမကြားပါဘူး''ဟု
ကျောက်မြောင်းရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလောင်းအားရွှေဘိုပြည်သူ့
ဆးရုံသို့ အောက်တိုဘာလ ၇ ရက် နံနက်၁၁နာရီဝန်းကျင်တွင် ပို့ဆောင်ခဲ့ပြီး
ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ လွန်ခဲ့သည့်ရက် အနည်းငယ်က
သေဆုံးနေခြင်းဖြစ်နိုင်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ဆဲဖြစ်ကြောင်း
သတင်းရရှိပါသည်။
Eleven Media Group
Updates +++
4 years ago


0 comments:
Post a Comment