<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်း က တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးဟောင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

''အဆောက်အဦ ဖောင်ဒေးရှင်းတွေ တူးတဲ့အခါမှာ အခုလိုစစ်ကျန် ဗုံးဟောင်းတွေ တွေ့လေ့တွေ့ထ ရှိတက်ပါတယ်။တစ်လတည်း နှစ်ကြိမ်သုံးကြိမ်တွေ့တာမျိုးတောင် ရှိတက်ပါတယ်။ စစ်တပ် တစ်ခုခုက နယ်မြေစွန့်ခွာတဲ့အခါမှာ မသယ်နိုင် လို့ မြှုပ်နှံခဲ့တယ်လို့ ယူဆရပါတယ်။ အခုတွေ့ရှိတဲ့ ဗုံးတွေ က ဆွေးမြေ့နေတဲ့ ဗုံးဟောင်းတွေပါ။ အန္တရာယ်မရှိပါဘူး။ ဒီဗုံးတွေကို ဖျက်ဆီးသွားဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။
အဆိုပါဗုံးများကို ကျောင်းအားကစားကွင်း ပွဲကြည့်စင် ဆောက်လုပ်ရန် မြေတူးစဉ် မြေကြီးအနက်   လေးပေခန့် အရောက်တွင် မြေကြီးတူးလုပ်ငန်းဆောင်ရွက်နေသူ လုပ်သားများမှ စတင်တွေ့ရှိခဲ့ခြင်း    ဖြစ်ကြောင်းနှင့် ယင်းဗုံးများကို ဟောင်း နွမ်းဆွေးမြေ့နေသော ဗုံးထည့်သည့် သံသေတ္တာတစ်လုံးထဲတွင် တစ်စုတစည်းတည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ရှိခဲ့ပြီးနောက် အလုံမြို့နယ် ရဲစခန်းသို့သတင်းပို့ခဲ့ရာ ရဲစခန်းမှအဆင့်ဆင့် သတင်းပို့ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ နံနက် ၉နာရီမိနစ် ၃၀အချိန်ခန့်တွင် သက်ဆိုင်ရာ ဗုံးရှင်းလင်းရေးအဖွဲ့မှ ဗုံးရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
 
ref:EMG
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map