ဖွဲ့မှ ဦးမောင်မောင်စိုး အသက် (၅၆)နှစ် အား မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရှောင်မှ တရားလို ပြုလုပ်၍ စက်တင်ဘာလ(၁၀)ရက်နေ့က မကွေးမြို့နယ် တရားရုံးတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ၂၆/၂၇တို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိပါသည်။
အဆိုပါအမှုကို မကွေးမြို့နယ် တရားသူကြီး ဦးတင်အောင်(တ/၂၃၀၁)မှ ပြစ်မှုကြီးအမှတ် ၁၉၈၆/၂၀၁၂ ဖြင့် အတည်ပြု လက်ခံထားပြီး စက်တင်ဘာလ ၁၁ရက်နေ့ရက်စွဲဖြင့် တရားစွဲဆိုခံရသူ ဦးမောင်မောင်စိုးထံသို့ သမ္မာန်စာ ပေးပို့ခဲ့ကြောင်းသိရသည်။
တရားစွဲဆိုခံရသည့် ဦးမောင်မောင်စိုးက" ဦးလေးတို့က ပန်းရဲ့လမ်းအဖွဲ့ မကွေးကို မရောက်ခင် စက်တင်ဘာ လ ၆ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးဆီ သွားပြီး အကြောင်းကြားစာဖတ်ပြပြီး ခွင့်ပြုပေးဖို့ ပြောခဲ့ပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်ကိုယ်တိုင်က "ခေတ်လည်း ပွင့်လင်းလာပြီ၊ ပြုလုပ်လို့ ရပါတယ်လို့" ပြောခဲ့လို့ စက်တင်ဘာလ ၇ရက် နေ့မှာ မြို့တွင်းကို လိုက်လံဖျော်ဖြေခဲ့တာပါ၊အခု ဦးလေးဆီကို စက်တင်ဘာလ ၁၂ ရက် နေ့ နံနက် (၁၀) နာရီလောက်မှာ ဆင့်ခေါ်စာ ရောက်လာပါတယ်၊ ဒုက္ခရောက်နေတဲh သူတွေကို ကူညီဖို့လုပ်တဲ့ လူမှုရေးကိစ္စကိုတောင် ဒီလို အာဏာပြပြီး နှိပ်ကွပ်နေမယ်ဆိုရင် နိုင်ငံတော်က အမှန်တကယ် သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွေဖီနေတယ်လို့ ခံစားရပါတယ်" ဟုပြောကြားခဲ့သည်။
"လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း" အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့က ချောက်မြို့တွင် လည်းကောင်း၊ စက်တင်ဘာလ ၆ ရက်နေ့က ရေနံချောင်းမြို့တွင် လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့က မကွေးမြို့ တွင် လည်းကောင်း ဖျော်ဖြေခဲ့ ကြကြောင်း၊ မကွေးမြို့တွင်း လူစည်ကားရာ ဈေး၊ စားသောက်ဆိုင်၊ ပွဲရုံများအနီး လှည့်လည် ဖျော်ဖြေစဉ် ပန်းရဲ့လမ်းတံဆိပ်နှင့် စာတမ်းပါ တီရှပ်အင်္ကျီများ ရောင်းချခဲ့ကြောင်း၊ အဆိုပါ မြို့သုံးမြို့မှ စုစုပေါင်း အလှူ ငွေကျပ်သိန်း ၇၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
" စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်း တုန်းကလည်း ခရိုင် အုပ်ချုပ်ရေးမှူးက တွေ့ချင်လို့ပါဆို လာခေါ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ လိုက်တွေ့ခဲ့ပါတယ်။ ဦးလေးရယ် ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့က အခြား (၂)ဦးရယ် ပန်းရဲ့လမ်းအဖွဲ့က (၂) ဦးရယ်သွားတွေ့ခဲ့တာပါ၊ရုံးခန်းကို ရောက်တော့ သူတို့က ဒီမကွေးတိုင်းဒေသကြီး ထဲမှာ ကောက်ခံရရှိတဲ့ အလှူငွေတွေကို သူတို့ဆီမှာ အပ်နှံထားခဲ့ဖို့၊ ပြီးမှ ဘဏ်ကနေ ပြန်လွှဲပေးမယ်လို့ ပြောပြီး ငွေတွေအားလုံး လာပေးခဲ့ဖို့ ခေါ်ပြောပါတယ်၊ပန်းရဲ့လမ်း အဖွဲ့ဝင်တွေက ပေးခဲ့ဖို့ သဘောမတူလို့ မပေးခဲ့ပါဘူး" ဟု ဦးမောင်မောင်စိုးမှ ဆက်လက်ပြောကြားသည်။
တရားစွဲဆိုခံရသူ ဦးမောင်မောင်စိုးအား မကွေးမြို့နယ် တရားရုံးသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မပျက်မကွက် လာရောက်ရန် ဆင့်ခေါ် ထားကြောင်း ၊အဆိုပါ တရားစွဲဆိုခံရမှု မတိုင်မှီ စက်တင်ဘာလ ၃ ရက်နေ့က မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ DVB သတင်းထောက်အား တရားစွဲဆိုသော အမှု ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါအမှုကို မကွေးမြို့နယ် တရားသူကြီး ဦးတင်အောင်(တ/၂၃၀၁)မှ ပြစ်မှုကြီးအမှတ် ၁၉၈၆/၂၀၁၂ ဖြင့် အတည်ပြု လက်ခံထားပြီး စက်တင်ဘာလ ၁၁ရက်နေ့ရက်စွဲဖြင့် တရားစွဲဆိုခံရသူ ဦးမောင်မောင်စိုးထံသို့ သမ္မာန်စာ ပေးပို့ခဲ့ကြောင်းသိရသည်။
တရားစွဲဆိုခံရသည့် ဦးမောင်မောင်စိုးက" ဦးလေးတို့က ပန်းရဲ့လမ်းအဖွဲ့ မကွေးကို မရောက်ခင် စက်တင်ဘာ လ ၆ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးဆီ သွားပြီး အကြောင်းကြားစာဖတ်ပြပြီး ခွင့်ပြုပေးဖို့ ပြောခဲ့ပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်ကိုယ်တိုင်က "ခေတ်လည်း ပွင့်လင်းလာပြီ၊ ပြုလုပ်လို့ ရပါတယ်လို့" ပြောခဲ့လို့ စက်တင်ဘာလ ၇ရက် နေ့မှာ မြို့တွင်းကို လိုက်လံဖျော်ဖြေခဲ့တာပါ၊အခု ဦးလေးဆီကို စက်တင်ဘာလ ၁၂ ရက် နေ့ နံနက် (၁၀) နာရီလောက်မှာ ဆင့်ခေါ်စာ ရောက်လာပါတယ်၊ ဒုက္ခရောက်နေတဲh သူတွေကို ကူညီဖို့လုပ်တဲ့ လူမှုရေးကိစ္စကိုတောင် ဒီလို အာဏာပြပြီး နှိပ်ကွပ်နေမယ်ဆိုရင် နိုင်ငံတော်က အမှန်တကယ် သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွေဖီနေတယ်လို့ ခံစားရပါတယ်" ဟုပြောကြားခဲ့သည်။
"လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း" အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့က ချောက်မြို့တွင် လည်းကောင်း၊ စက်တင်ဘာလ ၆ ရက်နေ့က ရေနံချောင်းမြို့တွင် လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့က မကွေးမြို့ တွင် လည်းကောင်း ဖျော်ဖြေခဲ့ ကြကြောင်း၊ မကွေးမြို့တွင်း လူစည်ကားရာ ဈေး၊ စားသောက်ဆိုင်၊ ပွဲရုံများအနီး လှည့်လည် ဖျော်ဖြေစဉ် ပန်းရဲ့လမ်းတံဆိပ်နှင့် စာတမ်းပါ တီရှပ်အင်္ကျီများ ရောင်းချခဲ့ကြောင်း၊ အဆိုပါ မြို့သုံးမြို့မှ စုစုပေါင်း အလှူ ငွေကျပ်သိန်း ၇၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။
" စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်း တုန်းကလည်း ခရိုင် အုပ်ချုပ်ရေးမှူးက တွေ့ချင်လို့ပါဆို လာခေါ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ လိုက်တွေ့ခဲ့ပါတယ်။ ဦးလေးရယ် ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့က အခြား (၂)ဦးရယ် ပန်းရဲ့လမ်းအဖွဲ့က (၂) ဦးရယ်သွားတွေ့ခဲ့တာပါ၊ရုံးခန်းက
တရားစွဲဆိုခံရသူ ဦးမောင်မောင်စိုးအား မကွေးမြို့နယ် တရားရုံးသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မပျက်မကွက် လာရောက်ရန် ဆင့်ခေါ် ထားကြောင်း ၊အဆိုပါ တရားစွဲဆိုခံရမှု မတိုင်မှီ စက်တင်ဘာလ ၃ ရက်နေ့က မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ DVB သတင်းထောက်အား တရားစွဲဆိုသော အမှု ဖြစ်ပေါ်ခဲ့ပါသည်။
Eleven Media Group

0 comments:
Post a Comment