<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံရာက်ရွှေမြန်မာများအထူးသတိပြုရန်

ထိုင်းနိုင်ငံရာက်ရွှေမြန်မာများအထူးသတိပြုရန်

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်ဒေသမှာ ရဲယောင်ဆောင်ထားတဲ့ အမည်မသိ
လူတစုက မြန်မာ အလုပ်သမားတွေကိုမကြာခဏ ဖမ်းဆီးလုယက်နေတယ်လို့  အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။


ဒီလပိုင်းအတွင်းမှာ အလုပ်သမားတွေဆီကနေ မကြာခဏလုယက်နေပြီး စနေနေ့ 
ညက လုယက်ခံရမှု အခြေအနေကို  မဟာချိုင်အခြေစိုက် ရွေ့ ပြောင်းအလုပ်သမား
အခွင့်အေရး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌဌ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

၆ နာရီ မိနစ် ၃၀လောက်မှာ ချက်ပြုတ်စရာ သွားဝယ်ကြတာ၊ လမ်းလျှောက်
သွားတော့ ဘုန်းကြီးကျောင်း ၁ ကျောင်းဖြတ်ရတယ်၊ အဲမှာ ၄ ယောက်စလုံး
 ကားပေါ်တင်ပြီး ကားကိုအလုံပိတ် နခွန်ပထုံ နယ်မြေကိုမောင်းပြေးတာ။
အဲရောက်တော့ ရွှေ၊ ငွေ၊ ရတနာတွေ တောင်းကြတာ။


၁ ယောက်က ၁၇၅၀၊ ၁ ယောက်မှာက ၇၅၀၊ နောက် ၁ ယောက်က ၃၀ဝ၊ နောက်တယောက်ကဘာမှမရှိဘူး။

အမျိုးသမီး ၂ ဦးဝတ်ထားတဲ့ နားကတ် ၂ ရံကို ဖြုတ်ပေးလိုက်ရတယ်။ နောက်
အမျိုးသမီး ၏၁ ဦးက လက်စွပ် ၁ ကွင်းဖြုတ်ပေးလိုက်ရတယ်။ ကလေးမလေး
၁ ဦးမှာ ATM ကတ်လေးတွေ့သွားတော့ နံပါတ်ကို အတင်းရိုက်နှိက်ပြီး
 မေးတယ်၊ ရိုက်တာ တအားနာတော့ နံပါတ်ပြောလိုက်တော့ ၁ သောင်း
၉ ထောင့် ၈ ရာ ထုတ်ယူသွားတယ်။

”ထိုင်းရဲတံဆိပ်ပါ ဝေ့စ်ကုတ်အကျှီင်္ဝတ်လူ ၃ ဦးက ဖမ်းဆီး လုယက်ခဲ့တာဖြစ်ပြီး လု
ယက်ခံရသူ မြန်မာ ၄ ဦး မှာ ရာဘာဖိနပ်ချုပ်စက်ရုံက အမျိုသား ၁ ဦးနဲ့ အမျိုးသမီး
၃ ဦးတို့  ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုးကြိတ်ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆရာဝန်ဆေးစစ်ချက်ယူပြီး မနေ့ က
ဆမွတ်စခွန် ခရိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  လူ့အခွင့်အေရးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်
တဦးဖြစ်သူ ဦးစိန်ဌေးကလည်း အလုပ်သမားတွေအေနနဲ့ ဒီဖြစ်ရပ်မျိုးကြုံရင်  ရဲစခန်းမှာ
တိုင်ကြားကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။“ဖြစ်သွားတဲ့ ပြဿနာတွေကို ကာယကံရှင်တွေ
ကိုယ်တိုင်က ရဲစခန်းမှာ အမှုဖွင့်တာမျိုးကို လိုလားတယ်။

 ပြီးခဲ့တဲ့ ပြဿနာတွေမှာဆိုရင် အလုပ်သမားတွေက အမှုမဖွင့်ချင်ကြဘူး။
တရားဝင် ရဲမှတ်တမ်းမရှိတဲ့အခါ ရဲတွေကို ကျနော်တို့ က လုံခြုံရေးယူပေးဖို့  ကင်း
လှည့်တာမျိုးပြောတဲ့အခါ အခက်အခဲရှိတယ်။

”အလုပ်သမားတွေအေနနဲ့ အခုလိုအဖြစ်မျိုးနဲ့  မကြုံရအာင် အဖိုးတန် လက်ဝတ်လက်
စားတွေ မဆင်ဖို့၊ လူပြတ်တဲ့နေရာ တေယာက်တည်းမသွားဖို့၊ အုပ်စုလိုက်သွားလာနေ
ထိုင်ဖို့နဲ့ သတိအမြဲရှိဖို့ လိုကြောင်း ဦးစိန်ဌေးက ပြောပါတယ်။

မဟာချိုင်မှာ အလားတူ လုယက်မှုတွေ မကြာခဏကြားရပေမယ့်  အလုပ်သမားတွေက
အမှုရင်ဆိုင်ရမှာ၊ အလုပ်ပျက်ပြီး ဝင်ငွေထိခိုက်မှာတွေအပြင် ဘာသာစကား အခက်
အခဲတွေကြောင့် မတိုင်ဖြစ်ဘဲ အခုဖြစ်ခဲ့တဲ့ကိစ္စလည်း အလုပ်သမားအဖွဲ့က စုံစမ်းပြီး
တိုက်တွန်းခဲ့လို့ တိုင်းတန်းခဲ့တာဖြစ်ကြောင်း ဦးအောင်ကျော် က ပြောပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမား ၁ သိန်းကျော် အလုပ်
လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့ တွက ပြောပါတယ်။

DVB (မြန်မာပိုင်း)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map