ရွှေပြည်သာ ၈ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ်ရှိ မသန်စွမ်း
ဥာဏ်ရည်နိမ့်အမျိုးသမီးငယ်တစ်ဦး အဓမ္မကြံစည်ခြင်းခံခဲ့ရမှုအပေါ် တရားဥပဒေ
အတိုင်းသာဖြစ်ရန် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းက ကြေညာချက်တစ်စောင်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန် စွမ်းသူများအသင်း အတွင်းရေး မှူး ဦးအေးကိုကိုက ''မြို့နယ်တရားသူ ကြီး၊ ဥပဒေအရာရှိနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ဆီကို တရားဝင် စာပို့လိုက်ပါပြီ။ ကျွန်တော်တို့ ဒီ အမှုအပေါ်ဆောင်ရွက်တာကိုစောင့် ကြည့်သွားပါ့မယ်''ဟု ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် ညနေက တစ်ရပ်ကွက်ထဲနေထိုင်သူ အသက် ၃ဝ ဝန်းကျင်ရှိ အမျိုးသား တစ်ဦး၏အဓမ္မကြံစည်ခြင်း ခံလိုက် ရသည်ဟုဆိုကာ မသန်စွမ်း၊ ဥာဏ် ရည်နိမ့်အမျိုးသမီးငယ်၏ မိခင်ဖြစ် သူက အသင်းတည်ရှိရာစမ်းချောင်းမြို့နယ်အတွင်း လာရောက်ဆက် သွယ်အကူအညီ တောင်းခံခဲ့ရာ လိုက်လံစုံစမ်းမှုအရ အမှန် တကယ် ဖြစ်ပျက်နေသည်ဟု ယူဆ၍ ကြေ ညာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည် ဟု ဦးအေးကိုကိုက ဆက်လက် ပြောသည်။
အဆိုပါအမှုကို ရွှေပြည်သာ မြို့နယ်တရားရုံးတွင် စစ်ဆေးမှု များ ပြုလုပ်နေရာ ရုံးချိန်း ၂ ကြိမ်ရှိ သွားပြီဟု သိရှိရသည် ။ရွှေပြည် သာမြို့နယ် မသန်စွမ်း သူများအသင်း အမှုဆောင် ဦးလှ ဌေးက ယခုကိစ္စအပေါ် မှန်ကန် သည့် ဘက်ကပဲ ဖြစ်စေချင်ပြီး အမှန်တကယ် အဓမ္မ ကျင့်ခံရပါက ထိရောက်သော ပြစ်ဒဏ်ချမှုကို ဆောင်ရွက် သင့်ပါကြောင်း ဝင် ပြောသည်။
''ခံရတဲ့သူ၏အစ်ကို အပြော အရ ပက်ပင်းကြီးမိတယ်လို့ သိရ ပါတယ်။ သူတို့က မပြေလည်ရှာ ပါဘူးဗျာ'' ဟု ၄င်းကပြောသည်။ဦးအေးကိုကိုက တရားခံဟု ယူဆရသူအားတစ်လခန့် အချုပ်ထဲ တွင် ဖမ်းဆီးထား၍ အာမခံဖြင့် ခေတ္တပြန်လွှတ်ပေးခဲ့သော်လည်းCID၏ ဆေးစစ်ချက်အရ ပြန်လည် ဖမ်းဆီးခဲ့သည်ဟု ပြောသည်။အမှု ဖြစ်စဉ်အပေါ် စစ်ဆေး မေးမြန်းမှုအား အသင်းအနေဖြင့် စောင့်ကြည့်၍ စိတ်ကျေနပ်မှု မရ ပါက သက်ဆိုင်ရာအဆင့်ဆင့်နှင့် ပြည်သူ့လွှတ်တော်ရေးရာ ကော် မတီတို့ထံကို ဆက်လက်တိုင်တန်း သွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းက
ထုတ်ဖော်ပြော ဆိုလိုက်သည်။အမှုကို ရွှေပြည်သာ ရဲစခန်း မှ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ရွှေပြည်သာမြို့နယ် စခန်းမှူး ရဲအုပ် ရန်နိုင်က အတည်ပြုပြော ကြားခဲ့သည်။
မသန်စွမ်းအမျိုးသမီးဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင် ဆောင် ရွက်နေသူ အသင်းမှတာဝန်ရှိသူ တစ်ဦးက လူထုပူးပေါင်းပါဝင်မှု အားနည်းနေပါက အသန်စွမ်းသူ တို့အပေါ် အဓမ္မအကျင့်ခံရမှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာ မှုကို အားပေးရာ ရောက်နေသည် ဟု ဖွင့်ဟ ပြောဆိုလိုက် သည်။
''လူဆိုတာ လူသားအချင်း ချင်းလေးစားရမယ်။ အခုတော့ ဒီလိုမဟုတ်ဘဲ မသန်စွမ်းသူတွေ အပေါ် လေးစားမှုတွေ မရှိတာ ကြောင့် အနိုင်ကျင့်ခံရမှုတွေ၊ အဓမ္မဖြစ်မှုတွေက ဆက်တိုက်ကို ရှိလာနေတယ်''ဟု ၄င်းက ပြော သည်။ မသန်စွမ်းတို့အပေါ် လူထုက ထောက်ထားစာနာမှု အားနည်းခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးကို မသန်စွမ်းတို့က စိတ်ခံစားမှုတစ်ရပ် အသွင်ဆောင် လာနေကာ ၄င်းတို့ ကိုယ်တိုင် ကူညီစောင့်ရှောက်မှုမဲ့နေ ကြောင်းနှင့် မသန်စွမ်းသူအချို့ အပေါ်
ရပ်ရွာအချို့က ကြဉ်ထား ခြင်း၊ အရေးတယူ မလုပ်ခြင်းတို့ ကလည်း ညှဉ်းပမ်းနှိပ်စက်ခံရမှုနှင့် အဓမ္မကျင့်ခံရမှုတို့အပေါ် မိသားစု ဝင်နှင့် ကာယကံရှင်တို့က တိုင် ကြားမှုမလုပ်ရဲခြင်းတို့ဖြစ်လာကြ သည်ဟု ၄င်းက သုံးသပ်သည်။
''သန်လျင်၊ လှိုင်သာယာနဲ့ ဒဂုံဘက်တွေမှာနားမကြားတဲ့ မသန်စွမ်းသုံးဦး အဓမ္မကျင့်ခံခဲ့ရ တယ်။ ဒီလိုပဲ ကိုယ်မသိတဲ့နေရာ တွေမှာလည်း ရှိနိုင်တာပဲ။ ဒါက ဘာကိုပြနေလဲဆိုရင် လူထုရဲ့ ပူးပေါင်းပါဝင်မှု မရှိတာပဲ။ ရှိခဲ့ရင် ရပ်ရွာလူထုက မခံဘူး။ မခံနိုင်လို့ တိုင်ရင် လုပ်တဲ့သူ အရေးယူခံရ မယ်။ ဒါဆို နောက်လူဆက်မလုပ် ရဲတော့ဘူး။ ဒီလိုပဲ ဖြစ်သင့်တယ်'' ဟု မသန်စွမ်းအမျိုးသမီးအရေး ဦးဆောင် ဆောင်ရွက်နေသူ အသင်းတာဝန်ရှိသူတစ်ဦးက ပြော သည်။
မသန်စွမ်းအမျိုးသမီးများ အပါအဝင် မ သန်စွမ်းတို့၏ အခွင့် အရေးဆိုင် ရာတို့ကို ဥပဒေဖြင့် အကာအကွယ်ပေးရန် ဥပဒေကြမ်း တစ်ခုကို အစိုးရအပါအဝင် မသန် စွမ်းဆိုင်ရာ အသင်းတို့က စုပေါင်း ရေးဆွဲခဲ့သော်လည်း ထိုဥပဒေမူကြမ်းပါအချက်အလက်အချို့တို့က မသန်စွမ်းတို့ကို အပြည့်အဝ ကာ ကွယ်မှုမပေးနိုင်ဟု ဆိုကာ ကန့် ကွက်မှုတို့လည်း ရှိနေကြသည်ဟု သိရသည်။
''အစိုးရက ဦးဆောင်ပြီးဆွဲရင် သူတို့ဘက်ကို ဦးစားပေးတာက ထုံးစံပဲလေ။ အချက်အလက်အချို့ ကို လက်ခံနိုင်ပေမယ့် အချို့အချက် တွေဖြစ်တဲ့ အလုပ်အကိုင်ရရှိမှု မှာ မသန်စွမ်းစစ်သည်တွေကို ဦးစား ပေးရမယ် ဆိုတာမျိုးတွေကိုတော့ လက်မခံနိုင်ဘူး။ကျန်တဲ့ သာမန် မသန်စွမ်းတွေကို ဖိနှိပ်ထားသလိုပဲ။ ဒီလိုပဲ အခု အဓမ္မကျင့်ခံမှုတွေဆို လည်း ဥပဒေအရ ထိထိရောက် ရောက်နဲ့လုပ်ပြမထားတော့ ဖြစ်နေ တာပဲ။ ဒါတွေမရှိအောင် ဥပဒေကို မြန်မြန်ပေါ်ချင်ပြီ''ဟု အသက် ၂ နှစ်ခွဲမှစကာ မသန်စွမ်းဖြစ်ခဲ့သော ဦးအေးကိုကိုက လက်ရှိအနေအ ထားအပေါ် ရှင်းပြသည်။
မသန်စွမ်းသူအများစုတို့မှာ စီးပွားရေးမပြေလည် သူများသာ ဖြစ်ကြပြီး စားဝတ်နေရေးကိုသာ အဓိကထား လုပ်ဆောင်နေကြရာ အဖွဲ့အစည်း၊ အသင်းအဖွဲ့တို့နှင့် အမြဲမပြတ် ဆက်သွယ်မှုကို မပြု လုပ်နိုင်ကြပေ။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် စွမ်းသူများအသင်းက လက်ရှိအစိုး ရက နိုင်ငံရှိ မသန်စွမ်းဦးရေမှာ နိုင်ငံရှိ လူဦးရေ စုစုပေါင်း၏ ၂ ဒသမ ၃ ရာခိုင်နှုန်း စာရင်းအပေါ် သံသယရှိနေခြင်းကြောင့် ၂ဝ၁၄ ခုနှစ်ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်ယူမှုတွင်အရေးတယူ ထည့်သွင်းသင့်ကြောင်းနှင့် မသန် စွမ်းသူအခွင့်အရေးဆိုင်ရာ ဥပဒေ ပေါ်ထွက်မှုကို မြန်မြန်ဆန် ဆန် ပေါ်ထွက်သင့်ကြောင်း ထောက်ပြ သည်။
From-popularjournal
2 comments:
သတင်းများလာရောက်ဖတ်ရှုသွားပါတယ်အကို
စိတ်ပျက်စရာကြီးနော် အစ်ကို.....
Post a Comment