ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက် ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ်(ဂ)ရပ်ကွက်၊
ဗိုလ်အောင်ကျော်လမ်းရှိ စည်ပင် ဆိုင်ခန်း အမှတ် ၂ တွင် ဖွင့်လှစ် ထားသော
တိုနီလေး အလှပြင်ဆိုင်၌ မီးလောင်မှု တစ်ခုဖြစ်ပွား ခဲ့သည်။
မီးပူတိုက်နေစဉ် မီးပျက်သွားခဲ့ရာ မီးပလပ်အား မဖြုတ်မိဘဲထားခဲ့ပြီးနောက်
မီးစက်နှိုး၍ လျှပ်စစ်မီးပြန်လည်အသုံးပြုစဉ်၌အပူလွန်ကဲ၍အ၀တ်အစားများ
မီးကျွမ်းခဲ့ပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု လှိုင်သာယာ မီးသတ်မှတာဝန်ရှိသူက ဆိုသည်။ မီးလောင်မှုအား မီးသတ်ယာဉ် ၃စီးဖြင့် ငြိမ်းသတ်ခဲ့မှုကြောင့် စတင်ဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး အထပ်သားတစ်ချပ်၊မွှေ့ယာတစ်ခု၊ အ၀တ်အစားအချို့၊ နှင့် ကြမ်းခင်းအနည်းငယ် ပျက်ဆီးခဲ့ကြောင်း သိရပြီး လှိုင်သာယာ ရဲစခန်းမှ (ပ) ၉၆၂/၁၂ (ပုဒ်မ) ၂၈၅ မီးပေါ့ဆမှုဖြင့် အမှုဖွင့် ထားကြောင်း သိရသည်
popular news journal
0 comments:
Post a Comment