<div style='background-color: none transparent;'></div>

Home » » လမ်းမတော်မြို့နယ်နေ ဆယ်တန်း ကျောင်းသူလေး အား သတ်ဖြတ် မီးရှို့ခဲ့သော တစ်ကယ်ဖြစ်ရပ်မှန် မှုခင်းရိုက်ကူးမှု လူအများ အထိတ်တလန့်ဖြစ်

လမ်းမတော်မြို့နယ်နေ ဆယ်တန်း ကျောင်းသူလေး အား သတ်ဖြတ် မီးရှို့ခဲ့သော တစ်ကယ်ဖြစ်ရပ်မှန် မှုခင်းရိုက်ကူးမှု လူအများ အထိတ်တလန့်ဖြစ်


ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုဇွန်တောင် စာတိုက် မှတ်တိုင် အနီးရှိ ကြည်တော် ရဲတပ်ဖွဲ့ လူနေ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးမှုကြောင့် လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်စီး ခရီးသည်များနှင့် ဒေသခံ ပြည်သူများကြား ထိတ်လန့်မှု ဖြစ်ပွား ခဲ့ရကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

“ရုပ်ရှင် ရိုက်နေတာ တဲ့ဗျာ၊ ကျွန်တော်တို့လည်း ရဲတွေ အများကြီး လူတွေ အများကြီး ကားတွေလည်း ပိတ်နေတော့ တစ်ခုခု ဖြစ်တယ် ထင်လို့ သွားကြည့် လိုက်တာပါ’’ ဟု ပုဇွန်တောင် ဈေးရှေ့တွင် နေထိုင်သူ အိန္ဒိယ နွယ်ဖွား တစ်ဦးက ဆိုသည်။

ပုဇွန်တောင် ရဲတပ်ဖွဲ့ စခန်း၊ ဗိုလ်တစ်ထောင် ရဲတပ်ဖွဲ့ စခန်းနှင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့ စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်တံတားမြို့နယ် ဗဟို မီးသတ် တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များ ခန့်မှန်း အင်အား ၅၀ နီးပါး အပါအ၀င် မီးသတ်ယာဉ် နှစ်စင်း၊ အုပ်ချုပ်ရေး ယာဉ်တစ်စင်း၊ ရဲတပ်ဖွဲ့ မော်တော်ယာဉ် ကားသေး ၃ စီးဖြင့် ဝတ်စုံပြည့် ရိုက်ကူး နေကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းဇာတ်ကားမှာ ယခု နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော လမ်းမတော်မြို့နယ်နေ ဆယ်တန်း ကျောင်းသူလေး အား သတ်ဖြတ် မီးရှို့ခဲ့သော တစ်ကယ်ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ ဇတ်ညွှန်း ကိုလွင်တို့က ကြီးကြပ် ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ မင်းသားနိုင်နိုင်း၊ ရဲအောင်၊ ဝမ်းဝမ်း၊ ယွန်းယွန်းတို့ ပါဝင် သရုပ်ဆောင် ထားကြောင်း ဇာတ်ညွှန်း ကိုလွင်ထံက စုံစမ်း သိရသည်။
Share this article :

1 comments:

မိုးသူ(တောင်ကြီး) said...

လူတွေကို အလန့် ထညက်ဖြစ်အောင်လုပ်ပြန်ဘီ

နဂိုထဲက မှ မြန်မာလူမျိုးတွေ အသဲငယ်ပါတယ်ဆိုမှ :P

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map