<div style='background-color: none transparent;'></div>

Home » » မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲနိုင်

မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲနိုင်

မလေးရှားနိုင်ငံမှ ငွေလွှဲပေးပို့လိုသူများအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၃၀၀၀ အထိငွေလွှဲနိုင်ပြီး ငွေလွှဲခနှုန်းထားများမှာ အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာအထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို ရင်းဂစ် ၃၀ နှင့် အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀ အထိကို ရင်းဂစ် ၆၀ နှုန်း ဖြင့် ငွေလွှဲခနှုန်းထားများ သတ်မှတ်ထားကြောင်း သိရသည်။ “ငွေလွှဲပေးပို့လို သူများအနေနဲ့ May Bank နှင့် ကမ္ဘောဇဘဏ်တွေမှာ ငွေစာရင်း (Bank Account) ရှိဖို့ မလိုပါဘူး၊ မြန်မာ တစ်နိုင်ငံလုံးရှိ မှာ ရှိတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲတွေကို လုံခြုံစိတ်ချစွာ ငွေလွှဲပေးပို့နိုင်ပါတယ်” ဟု ကမ္ဘောဇဘဏ်ငွေလွှဲ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 ငွေထုတ်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ကမ္ဘောဇဘဏ်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သိရသည်။
 
 
 ကမ္ဘောဇဘဏ်လီမိတက်သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank နှင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။
 http://www.facebook.com/permalink.php?story_fbid=396350613759327&id=263177123702774
Share this article :

1 comments:

3rdthameetaw said...

ဒါဆိုရင်လည်းလွှဲလိုက်တော့ကိုသက်ရေ..
ထုတ်လိုက်မယ်နော်..ဟက်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map