<div style='background-color: none transparent;'></div>

Home » » ဒိုက်ဦး ဆရာမ က ကျောင်းသား ကို အညှိုးကြီး စွာ ရိုက်နှက် ဆုံးမ

ဒိုက်ဦး ဆရာမ က ကျောင်းသား ကို အညှိုးကြီး စွာ ရိုက်နှက် ဆုံးမ


ပဲ ခူးတိုင်း ဒိုက်ဦးမြို့ နယ် အစိုးရအထက်တန် ကျောင်းတွင် ပညာသင်ကြားနေသည့်  အဌမတန်း
ကျောင်းသားမောင်ဟိန်းသန့် ဇင် အား ၊ (ဒသမတန်း-D) တွင်ပညာသင်ကြားလျှက်
ရှိသော ကျောင်ဆရာမ ဒေါ်ခင်ခင်လဲ့  က  ဇွန်လ ၂၈ ရက်နေ့ က လူမဆန်စွာ အချက်ပေါင်းများ
စွာ  ရိုက်နှက်ခဲ့ သည် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါသည် ။

ဖြစ်စဉ်မှာ  မောင်ဟိန်းသန့် ဇင် သည်ဒသမတန်းတွင် ပညာသင်ကြာနေသော အစ်ကို
ဝမ်းကွဲအား ထမင်းချိုင့်သွားပို့ စဉ် (ဒသမတန်း-D) ခန်းရှေ့အရောက်မှ ဆရာမ ဒေါ်ခင်ခင်လဲ့
၏ မြေးဖြစ်သူလက်ထဲမှ လွတ်ကျသွားသော မာလာကာသီးတစ်လုံးအား တက်နင်းမိ၍
လွတ်ပစ်လိုက်သော မာလာကာသီး ဟုထင်မှတ်က ကန်ကျောက်ဆော့ ကစားမိရ
(ဒသမတန်း-D) မှဆရာမဒေါ်ခင်ခင်လဲ့က (၈)တန်းကျောင်းသားမောင်ဟိန်းသန့် ဇင် အား
ဆွဲခေါ်၍ သူ၏အခန်းထဲတွင်(ဒသမတန်း-D)ကျောင်းသူကျောင်းသားများရှေ့  တွင် အချက်
ပေါင်းများစွာ ရိုက်နှက်ခဲ့သည်ဟု မျက်မြင်ကျောင်းသားကျောင်းသူများက တွေ့ ရှိခဲ့ကြောင်း
ပြောသည်။
ထို ကျောင်းမှာ အထက်တန်း ကျောင်းသား တစ်ဦး က FNG ကို ပြောပြ ရာ တွင် ဆရာမ ဒေါ်ခင်
ခင်လဲ့ က အချက် ပေါင်း ၅၀ ကျော် ရိုက်နှက် ခဲ့ သည် ဟု သိရသည်။
ထိုသို့  ဖြစ်ပွား ပြီး နောက် မောင်ဟိန်းသန့် ဇင် ၏ မိဘများက ကျောင်းအုပ်ဆရာ
မကြီး ထံ တိုင်ကြားခဲ့ ရာ နောက်တစ်နေ့ တွင် ဆရာမဒေါ်ခင်ခင်လဲ့  သည် မောင်ကောင်းသန့့်
ဇင် နေထိုင်သော ကျေး ရွာသို့ လာရောက်ပြီး(တောင်းပန်)သည်မဟုတ်ပဲ ကျောင်းသား မိဘ
များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့  မချေမငံပြောဆိုသွားပါသည်။
ဒိုက်ဦး မြို့  တွင် ပြင်ပ ပုဂ္ဂလိ က ကျောင်း နှင့် ကျုရှင် များ မှာ လည်း ခောတ် စား နေ ပြီး အစိုးရ
ကျောင်း ဆရာမ များ မှာ ထို ကျုရှင် များ တွင် လည်း သင်ကြား  ပြသလျှက် ရှိသည်။
ပြီးခဲ့ သည့် မတ်လ က ရန်ကုန် တိုင်း စမ်းချောင်း မြို့ နယ် မှ ကျောင်းဆရာ မ တစ်ဦး သည်
ကျောင်းသူ တစ်ဦး အား လက် ကျိုး သည် ထိ ရိုက် နှက် ခဲ့ ရာ ကလေး က ကြောက်လန့် 
သွား ခဲ့ ပြီး ကျောင်း ပြောင်း ရွှေ့ အပ် နှံ ရသည် ထိ ဖြစ်ပေါ် ခဲ့ သည်။
 freedomnewsgroup.
Share this article :

2 comments:

မိုးသူ(တောင်ကြီး) said...

အတော့်ကို ဆိုးရွားလွန်းတဲ့ ဖြစ်၇ပ်ပါ

အခုခေတ် ကျောင်းဆရာ ဆရာမတွေဟာ

နာသုံးနာဆိုတာမသိကြတော့ဘူးထင်တယ်

ဆရာ့ဂုဏ်ကျက်သရေနဲ့ မညီတော့

ကျောင်းသားတွေက မလေးစားတော့ဘူး

အဲဒီတော့ နိုင်ငံမှာ အရိုင်းအစိုင်းလေးတွေဖြစ်ကုန်ရော

ဂါရဝေါစ နိဝါတောစ မင်္ဂလာတရားတွေမဲ့ကုန်ရော

ဦးနှောက်တွေလဲနည်းကုန်ရော

အတုမခိုးသင့်အတပ်မသင် သင့်တဲ့အရာတွေကို အလွယ်တကူ

သင်မိရာကနေ နိုင်ငံ့ယဉ်ကျေးမှုတွေပါထိခိုက်ကုန်ရော

တိုင်းပြည်မှာ အဲလိုဖြစ်ကုန်တာ

ကျောင်းစာသင်ခန်းထဲက ဆရာ ဆရာမတွေမှာ

အများဆုံးအပြစ်ရှိတယ်...(အားလုံးကိုမဆိုလိုပါ) ဒါပေမယ့်

များသောအားဖြင့် အခုလိုတွေဖြစ်ပျက်နေကြတယ်

နောင်လာမဲ့အနာဂတ်တိုင်းပြည်ကြီး ရင်လေးစွာပဲ

ခင်တဲ့
မိုးသူ(တောင်ကြီး)

3rdthameetaw said...

အာစရိယဂုဏ္ဏော အနန္တောလေ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map