<div style='background-color: none transparent;'></div>

Home » » သိပ္ပံဘာသာတွဲ ရမှတ် ၃၆၀ နှင့်အထက်ရှိသူများ သစ်တောတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

သိပ္ပံဘာသာတွဲ ရမှတ် ၃၆၀ နှင့်အထက်ရှိသူများ သစ်တောတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်


တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့ပြီး စုစုပေါင်းရမှတ် ၃၆၀ နှင့် အထက်ရရှိထားသော ကျောင်းသားများအနေဖြင့် နေပြည်တော်၊ ရေဆင်းရှိသစ်တောတက္ကသိုလ်တွင် ပညာသင်ယူရန် ဇူလိုင်လ ၂၇ ရက် နောက်ဆုံးလျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

သစ်တောတက္ကသိုလ်သည် သင်တန်းကာလကို ၅ နှစ်မှ ၆ နှစ်သို့တိုးမြှင့်သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးလက်ခံသင်ကြားမည်ဖြစ်သည်။ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေကို ၈၀ အချိုး၊ ၂၀ လက်ခံကြောင်း ယခင်နှစ်တက္ကသိုလ်ဝင် လမ်းညွှန်တွင် ဖော်ပြထားသည်။



ကျောင်းသားများအနေဖြင့် လာမည့်နိုဝင်ဘာလ ၁၅ ရက်တွင် အသက် ၁၈ နှစ်ထက်မကြီးစေ ရန်နှင့် မိုင် ၂၀ လမ်းလျှောက်စွမ်းရည် စစ်ဆေးမှုအောင်မြင်ရန် သတ်မှတ်ထားပြီး အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာ သာရပ်များကို ၀င်ခွင့်အရည်အချင်း စစ်ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျောင်းသားများအနေဖြင့် သက်ဆိုင်ရာအခြေခံ ပညာကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဝင်တန်း အောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်း၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေး ကတ်တို့၏ မိတ္တူများနှင့် ကျန်းမာကြောင်း စစ်ဆေးချက်၊ နိုင်ငံရေးကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ထောက်ခံချက်မူရင်း များနှင့်အတူ နိုင်ငံပိုင်သတင်းစာတွင် ပါရှိသော လျှောက်လွှာနမူနာပုံစံ A4 အရွယ်စာရွက်တွင် မိမိအစီအစဉ်ဖြင့် ကွန်ပျူတာ စာစီရိုက်နှိပ်ပြီး လိုင်စင်အရွယ် ဓာတ်ပုံကပ်၍ လျှောက်ထားရမည်ဖြစ်သည်။

ယခုနှစ် သစ်တောတက္ကသိုလ်သည် ကျောင်းဝင်ခွင့်များနှင့် ပတ်သက်၍ အပြောင်းအလဲမရှိ ကြောင်းယင်းဌာနမှ သိရသည်။


Source: The article first appeared on 7 DAY NEWS Journal - အတွဲ ၁၁၊ အမှတ် ၁၈
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map