<div style='background-color: none transparent;'></div>

Home » » ယနေ့နံနက် ၄း၄၀ နာရီတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း လှည်းကူးမြို့နယ် အတွင်းအဝေးပြေးယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)

ယနေ့နံနက် ၄း၄၀ နာရီတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း လှည်းကူးမြို့နယ် အတွင်းအဝေးပြေးယာဉ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွား(သတင်း/ဓာတ်ပုံ)


ဆင်ဖြူကျွန်းမှ ရန်ကုန်သို့ ဇူလိုင်(၇)ရက်နေ့ နေ့လည် ၂နာရီတွင် ထွက်ခွာလာသော
ရွှေပွင့်ဖြူယာဉ်လိုင်းမှ အဝေးပြေးမော်တော်ယာဉ် တစ်စီးသည် ဇူလိုင်(၈)ရက်နေ့
နံနက် ၄း၄၀ နာရီတွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း လှည်းကူးမြို့နယ် အတွင်း မိုင်တိုင်အမှတ် ၁၁/၂ နှင့်
၁၁/၃ ကြား တွင် လက်ယာဘက်ရှေ့ ကားဘီးပေါက်၍ ၄င်း၏ရှေ့တွင် မောင်းနှင်နေသော ကားလေးတစ်စီးအား
တိုက်မိပြီး ငမိုးရိပ်တံတား(ကမ်းနီ) အောက်သို့ ပြုတ်ကျသွားကြောင်း ၊
အတိုက်ခံရသော ကားလေးမှာလည်း လမ်းဘေးလယ်ကွင်း ထဲသို့ ရောက်ရှိသွားကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေပွင့်ဖြူယာဉ်လိုင်းမှ ယာဉ်မောင်းမှာ နေရာတွင် သေဆုံးခဲ့ပြီး
ယာဉ်အကူနှင့် ခရီးသည် ၄ ဦး ဒဏ်ရာရရှိကာ လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း နှင့်
ကားလေးမှ ယာဉ်မောင်းနှင့် အဖော်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း
ငမိုးရိပ်တံတား(ကမ်းနီ) တံတားရဲကင်းမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map