<div style='background-color: none transparent;'></div>

Home » » ပြည်တွင်းမီဒီများမှ မောင်းတောမြို့သတင်း(update)

ပြည်တွင်းမီဒီများမှ မောင်းတောမြို့သတင်း(update)

ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်ကမောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အနီးမြင်ကွင်း (ဓာတ်ပုံ -ELEVEN)
Mmnewshub, 9June 2012 — (နောက်ထပ်ဝင်လာမည့် ပြည်တွင်းမီဒီယာများ၏ မောင်းတောမြို့အခြေအနေသတင်းများကို ယခုစာမျက်နှာပေါ်တွင်သာ ထပ်မံဆက်လက်၍ဖော်ပြသွားမည်ဖြစ်ပါသည်။ )
Eleven Media Group
စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် GTC ကျောင်းသားတစ်ယောက် အသတ်ခံခဲ့ရကြောင်း သိရှိရသည်။ မည်သို့ သေဆုံးခဲ့သည်ကို မသိရှိရသေးပါ။(an hour ago)
ဇွန်လ ၉ ရက်နေ့ နံနက် နောက်ဆုံး သိရှိရသော သတင်းများအရ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော မောင်တောဒေသခံများအနေဖြင့် အလယ်ရွာ၊ ဒက်ရွာ၊ ၀ိမလရွာ အစရှိသည့် ရခိုင်တိုင်းရင်သားများ နေထိုင်သည့် ရွာများတွင် သွားရောက် နေထိုင်နေကြကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အနီးအနား ရွာများမှ ဒေသခံဒဏ်ရာရရှိသူများ မောင်တော ဆေးရုံသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။ မောင်တောမြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများသည် ၄င်းတို့နေထိုင်သည့် ရွာများတွင် စုရုံးမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။(48min ago)
(ဓာတ်ပုံ - ELEVEN) မောင်တောမြို့ မြို့တော်ခန်းမအနီးနှင့် နာရီစင် လမ်းဆုံအနီး ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်ကွင်း

Messenger News Journal
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများ သည်လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း
နိုင်ငံတော်သမ္မတရုံး
တာဝန်ရှိသူတစ်ဦးက၎င်းဧ။်ဖေ့စ်
ဘုတ်စာမျက်နှာတွင်ရေးသားဖော်ပြထ
ားသည်။ရိုဟင်ဂျာသွေးစည်း
ညီညွှတ်ရေးအဖွဲ့မှာပြည်ပမှ ရိုဟင်ဂျာများ ဖြစ်ပြီး မိမိတပ်များမှ ကြိုတင်သတင်း ရရှိထားပြီး ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည် ဖြစ်ကြောင်းနှင့် ချေမှုန်းနေပြီဟု ယူဆကြောင်းသမ္မတရုံး
တာဝန်ရှိသူတစ်ဦးက၎င်းဧ။်ဖေ့စ်
ဘုတ်စာမျက်နှာတွင်ရေးသားထားသည်။(8hours ago)
မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်
နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI
မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။(8hours ago)
ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့် ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Eleven Media Group အနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။( 5min ago)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map