<div style='background-color: none transparent;'></div>

Home » » ရခိုင်သတင်း(update)

ရခိုင်သတင်း(update)

မောင်တောမြို့တွင်း စစ်တပ်တွေ ရောက်လာပြီး ပိတ်မိနေသူများကိုရှာဖွေ ကယ်ထုတ်နေ ဇွန်လ ၉ ရက်၊ ၂၀၁၂ ၊ YPI 12:50
ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။

ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။
သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။

စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။
ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။
ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် အဖွဲ့ဖြစ်သည်။
စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ
ဇွန်လ ၈ ၊ ၂၀၁၂၊ YPI
စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့် စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
မောင်တောမြို့ အချို့ ရပ်ကွက်များတွင် သေနတ်သံများ ကြားနေရဆဲဖြစ်
ည ၁၁ နာရီ၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁နာရီကျော်သည် အထိ မကွဲသေးပဲ သေနတ်ပစ်ဖေါက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ပြောသည်။
စစ်တပ်အင်အား မလုံလောက်သည့်အနေအထားကို ည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ ။
မောင်တောနှင့်ဘူးသီးတောင်ဝန်းကျင်ရှိရခိုင်ကျေးရွာများတွင်ညအချိန်ထိ
အကြမ်းဖက်သမားများသည်အုပ်စုဖွဲ့
ချဉ်းကပ်နေခြင်းများရှိသဖြင့်မိမိတို့ဘက်မှလုံခြူံရေးတပ်ဖွဲ့ဝင်များကပစ်ခတ်မောင်းထုတ်နေရကြောင်းနိုင်ငံတော်
သမ္မတရုံးတာဝန်ရှိသူတစ်ဦးက၎င်းဧ။်ေ
ဖ့စ်ဘုတ်စာမျက်နှာတွင်ရေး
သားထားသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map