<div style='background-color: none transparent;'></div>

Home » » Online ချစ်သူများ နှင့် ကြေကွဲဖွယ်ဇတ်သိမ်းမှူများ

Online ချစ်သူများ နှင့် ကြေကွဲဖွယ်ဇတ်သိမ်းမှူများ

အော် အွန်လိုင်း အချစ်...အွန်လိုင်းအချစ်တွေ ........

             ကျနော်တို့ ယနေ့ခေတ်ကြီးမှာ ဆက်သွယ်မှူတွေ တော်တော်တန်တန်ကို တိုးတက်နေပြီ။အဲဒီလိုတိုးတက်နေတာနှင့်အညီ "Online Chatting " ဆိုတာကလည်းတော်တော်တွင်တွင်ကျယ်ကျယ် နှင့်မြန်မာလူငယ် လူကြီးမရွေး ရုပ်ပြခြင်းမရှိပဲ အင်တာနက်လောကနယ်ပယ်မှာတော်တော် လေးနေ၇ာ၇လာပါပြီ။ ခုဆို၇င် လူတိုင်းဟာသူတို့သိသမျှ chatting free web site များကို account ဖွင့်ပြီးနေ့မနားညမနား အသုံးပြုလာကြပါပြီ။ ယခင်နှစ် မြန်မာနိုင်ငံရဲ့ မြန်မာလူမျိုးများ(ကလေး ။လူငယ် ။လူလတ် ။လူကြီး )အားလုံး ချက်တင်တက်နှုန်းက 78% သာရှိပြီး ယခုနှစ် 2010 အတွင်းမှာ ၈၉ ၇ာခိုင်နှုန်းထိတိုးတက်လာခဲ့ပါပြီ။(တချို့တွေကမေးချင်မေးပါလိမ့်မယ် ၇ာခိုင်နှုန်းတွေဘယ်လို တိတိ ကျကျပြောနိုင်လဲလို့မေးချင်မေးကျပါလိမ့်မယ် ။ အတိကျဆုံနဲ့ အနီးစပ်ဆုံး ပျမ်းမျှကိုဖော်ပြထားတာပါ ။
။မြန်မာလူမျိုးတို့အကျင့်အတိုင်း မေးခွန်းလေးတွေမများ၇အောင်ကြိုတင်ဖော်ပြဖြေကြားပေးထားတာပါ)။။
နိုင်ငံတကာမှ အချို့ကျောင်းသားဆိုလျှင် ကျောင်းစာကိုတောင်သေသေချာချာဂရုတစိုက် လေ့လာသင်ကြားခြင်းမရှိတော့ဘဲ သူတို့၏ အွန်လိုင်းချစ်သူများကို တာစိတ်ေ၇ာက်နေကျပြီး ထိုကျောင်းသူ / သား များ၇ဲ့ပညာေ၇းထွန်းကာမှူမှာနှောင့်နှေးနေကြ၇ပါပြီ။ သို့ပေမဲ့ ထိုသူများ ကသူတို့ရဲ့ Online lover , အင်တာနက်ချစ်သူများရဲ့မျက်နှာကို တခါမှမမြင်ဘူးကြပါဘူး ၊ တချို့ဆို ရုပ်မြင်၇ပြီး ချစ်ကြိုက်သွားကျသော်လည်း သူတို့၇ဲ့ အွန်လိုင်းချစ်သူများ ကဘယ်လိုညာနေ ၊ လှည့်စာနေတယ်ဆိုတာမသိကြပါဘူး။ဒီထက်ဆိုးတာက အဲဒီမသေချာမရေ၇ာတဲ့ အွန်လိုင်းချစ်သူများထံသို့ သူတို့လိုချင်သော ပစ္စည်းဥစ္စာများကိုတောင် အဝေးမှပေးပို့ပေးနေကြပြီးနောက်ဆုံး အဖြစ်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ရဲ့ အွန်လိုင်းချစ်သူမှာနောက်ဆက်တွဲ ဇတ်လမ်း( မိမိဘာသာဖြည့်စဉ်းစားကြပါ)တွေရှိနေကြပြီဆိုတာပါပဲ။ အများစု နောက်ဆုံးခံစား၇တဲ့ ၇လတ်တွေမှာ ကတော့ မိန်းကလေးခေတ်လူငယ်တွေပါပဲ။ကျနော့် သူငယ်ချင်းတော်တော်များများလည်းကိုယ်တွေ့ဖြစ်၇ပ်တွေ၇ှိကြပါတယ်။ အွန်လိုင်းမှာ နာမည်မျိုးစုံပြောင်း (သို့) ရုပ်ဖော်ပြခြင်းမရှိ (သို့)တခြားရုပ်ချောချောပုံများထည့်ပြီး မိန်းကလးများရဲ့အချစ်ကို နည်းမျိုးစု့နဲ့၇ယူတတ်ကျပါတယ်။ အကယ်လို့ သူတို့မှာနောက်ထပ် ကျှု ( Q )ရမည့်သူတွေတွေ့ ၇င် (သို့) နောက်ထပ် ချစ်သူက အ၇င်ချစ်သူထက်အစစအ၇ာ၇ာမှသာ ၇င် အဲဒီလူတွေကသဘောကျပြီးပါသွားကြပါတယ်။နောက်ဆုံးရလဒ်ကတော့ မိန်းကလေးများ က အဲဒီ အွန်လိုင်းချစ်သူကိုသတိ၇တဲ့စိတ် ၊ချစ်တဲ့စိတ်နဲ့ ပဲ သူတို့လေးတွေ၇ဲ့ဘ၀မှာ စိတ်ခံစားချက်ကြီးကြီး၇သွားကြပါတယ်။

   ယောကျာ်းလေးများကလည်း ကိုကိုယ်တိုင်မိန်းကလေးကို ကျူတော့မယ်ဆိုစိတ်ကူး၇င်လဲ အဲဒီတယောက်ထဲကိုပဲကျူသင့်ပါတယ်။ ပါးစပ်နဲ့လက်ကေ၇ပက်မ၀င် လျှာရိုးမရှိသလိုမျိုးတွေ မိန်းကလေးတိုင်းကိုလျှောက်မပြောသင့်ပါဘူး။ယောကျာ်းတို့သဘာဝ အတိုင်းကျူတာ ကြိုက်ကြတာကို လူတိုင်းလက်ခံပါတယ် ၊ ကျူ၇င်လဲ တဘက်သားကို ကိုယ်ကိုတိုင်က ဘာမှ သူအတွက်မလုပ်ပေးနိုင်ပဲအေ၇အချင်းမရှိပဲ သွားမကျူသင့်ပါဘူး။ မိန်းကလေးများကလည်း နိုင်ငံခြားေ၇ာက်တဲ့သူများကို လုံးဝ လုံးဝ အထင်မကြီးသင့်ပါဘူး။နိုင်ငံခြားမှာ ကနည်းမျိုးစုံနဲ့သူတို့ အလုပ် (သို့)ကျောင်းတတ်နေကြတာပါ။သူတို့တွေက ကို့ကို တကယ်ချစ်တယ်ကြိုက်တယ်လို့ ထင်ပြီးအများကြီးမျှော်မှန်းထား၇င်တော့ မဟာအမှားကြီးဖြစ်သွားပါလိမ့်မယ်။ အထူးသဖြင့် ဒီခေတ်လူငယ်များပိုပြီးသတိထားကြပါ။ မိမိ စိတ်အလိုကိုမလိုက်ပါနဲ့ ။စဉ်းစားချင့်ချိန်ပါ အဆင့်မရှိတဲ့ပါးစပ်များက ဖြစ်သလို anyhow ပြောတာတွေကို ယုံ၇င်တော့ ကိုယ့်သမိုင်းကိုေ၇းပြီး ကိုယ်ဖြစ်ကိုခံကြဖို့ပဲရှိပါတယ်။မီးဆိုတာကိုယ်မွှေးပြီး၇င်ကိုယ့်ပဲ
ပြန်ငြိမ်းအောင်လုပ်နိုင်မှပါ ။

*** နောက်တမျိုးလူတန်းစားကြတော့...အတွေးအခေါ်မရှိပဲ မိမိတို့ ရဲ့ တဏှာရမ္မက်ကြောင့် မိန်းကလေးများ၏စကားကိုနားယောင်တတ်သူများ ***    

မိန်းကလေး တဦးပြောလိုက်လျှင် ဘာမဆို အတွေးအခေါ်မရှိတဲ့လူမျိုး ။ ပြောသမျှလိုက်လုပ်တဲ့သူများ။ တဖက်မိန်းကလေး အားရကျေနပ်အောင်လုပ်ပေးတဲ့သူမျိုးများကလည်း  တကြိမ် ၂ ကြိမ်ဘာမှ ပြသနာကြီးကြီးမားမား မဖြစ်သေးပေမဲ့ တနေ့ နေ့မှာ
အဲဒီလို မျက်နှာသာ ၇အောင်လုပ်ခြင်းက မိမိဘ၀အတွက် အသက်ပါပေးဆပ်သွားရနိုင်ပါတယ်။ မြန်မာလူမျိုးအများစုသိတဲ့ စကားပုံလေးတခုတော့ရှိတယ် အားလုံးကြားဖူးမယ်လို့ထင်ပါတယ်.....မိမိကိုယ်တံတွေလာထွေးလို့  ပိုက်ဆံပေးလိုက်တယ်..။အဲဒီအခါမှာ တံတွေးလာထွေးတဲ့သူက ပျော်သွားတယ် ၊ဘာလို့လဲဆိုတော့ သူက သူတပါးကိုတံတွေးထွေးလိုက်လို့ ပိုက်ဆံရတဲ့အတွက်ကြောင့်.။ အဲဒီလိုပဲနောက်တခါ ပိုက်ဆံအချောင်၇မလားလို့ဆိုပြီး နောက်တယောက်ကို တံတွေးလည်းသွားထွေးရော အဲဒီမှာသေပါရောဗျာ။

အမျိုးကောင်းသားများလည်း  မိမိနှင့်တွေးမတော်သားမစပ်သော မိန်းကလေးများကြောင့်  မိမိတို့ ကို လူမုန်းများခံရခြင်း။ ခိုက်ရန်ဒေါသဖြစ်ခြင်းများ။ အခြေနေမကောင်းလျှင် အသက်ပါပေးဆပ်လိုက်ရနိုင်သည်ကို သတိပြုကြပါ။ အမျိုးကောင်းသားများ
၏ဘ၀များ တိုးတက်ပျော်ရွှင်နိုင်ကြပါစေ ....။

မိမိဘ၀ ထိုသူကြောင့် ၊
နာမည်လည်းပျက် ၊ ဘ၀လည်းပျက် ။
လူမုန်းလည်းများ ၊ ခိုက်ရန်ပွား။
အမြတ်ဒေါသလည်းထွက်၊ လူလည်းပျက် ။
ပျက်သည့်ခဏ၊ မပြင်က ။
ကြာလျှင် ဘ၀ပါပေးဆပ်ရလိမ့်မည်။
Share this article :

1 comments:

3rdthameetaw said...

အမယ် သူတို့ယောကျာင်္းတွေ အတွက်ပဲတော့
အဓိက က ဒါများအွန်လိုင်းချစ်သူ ရှာချင်သေးတယ်..ဟိဟိ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map