<div style='background-color: none transparent;'></div>

Home » » အိမ်ရှင်တွေချစ်အောင် ဒူဘိုင်းကအိမ်ဖော်ရဲ့ လုပ်ရပ်............

အိမ်ရှင်တွေချစ်အောင် ဒူဘိုင်းကအိမ်ဖော်ရဲ့ လုပ်ရပ်............

အလုပ်ရှင်မိသားစုအား ဘေးအန္တရယ်ဒုက္ခရောက်စေရန် ၎င်းတို့ သောက်သုံးမည့် လက်ဖက်
လက်ဖက်ရည်အိုးထဲတွင် ကျင်ငယ်ရည်များထည့် သွင်းခဲ့ ကြောင်းအိမ်ဖော်အမျိုးသမီးတစ်ဦး
အားဒူဘိုင်းတွင် စွပ်စွဲခဲ့ ပါတယ်...
သူမရဲ့ အညစ်အကြေးများအားသောက်သုံးခြင်းဖြင့် အလုပ်ရှင်များအနေဖြင့် သူမအပေါ်ပိုမို
ကောင်းမွန်စွာဆက်ဆံလိမ့် မည်ဟု သူမကယုံကြည်ခဲ့ တာဖြစ်ပါတယ်...
နာမည်အတိုကောက် D.R ဟုခေါ်သည့် အသက် ၂၆ နှစ်အရွယ်ရှိ အင်ဒိုနီးရှားနိုင်ငံသူအမျိုးသ
မီးတစ်ဦးအား အလုပ်ရှင်အာရပ်မိသားစုအသက်အန္တရယ်ဒုက္ခရောက်ရန် လက်ဖက်ရည်အိုးထဲ
တွင် ကျင်ငယ်ရည်များထည့် ခဲ့ မှုဖြင့် တရားစွဲဆိုခဲ့ ပါတယ်...

ထိုအိမ်ဖော်အမျိုးသမီးဟာ လွန်ခဲ့ သည့် ဧပြီလအတွင်း ၇ ကြိမ်တိုင်တိုင် မိသားစုသောက်သုံး
မည့် လက်ဖက်ရည်အတွင်း ထိုကဲ့ သို့ ထည့် သွင်းစီမံခဲ့ ကြောင်းတရားရုံးတော်မှတ်တမ်းများက
ဆိုပါတယ်...
လွန်ခဲ့ သည့် အင်္ဂါနေ့ က ဒူဘိုင်းတရားရုံးတွင် တရားခံအားခေါ်ထုတ်စစ်ဆေးခဲ့ ရာတွင် သူမအ
နေဖြင့် ထိုပြစ်မှုအားကျူးလွန်ခဲ့ ကြောင်းဝန်ခံခြင်း၊ ငြင်းဆန်ခြင်းအား သူမပြောကြားသည့် ဘာ
သာစကားအား ဘာသာပြန်ပေးမည့် သူ့ မရှိသဖြင့် ပြောဆိုနိုင်ခြင်းမရှိခဲ့ ပါဘူး....
မည်သည့် ဘာသာစကားကို ပြောဆိုနိုင်ပါသနည်းဟု တရားသူကြီးမှ မေးမြန်းခဲ့ သောအခါ သူမ
က အာရပ် စကားပြာတတ်ပါတယ်ဟု သူမကယုံကြည်မှုအပြည့် ဖြင့်  ပြန်ပြောခဲ့ ပါတယ်...
သို့ သော်လည်းတရားသူကြီးမှ အင်ဒိုနီးရှားဘာသာစကားပြန်ဆိုပေးနိုင်မည့် သူ ရှိမည့် ဂျူလိုင်
လ ၈ ရက်နေ့ သို့ ဆက်လက်စစ်ဆေးရန် တရားခွင်ကိုရွေ့ ဆိုင်းလိုက်ပါတယ်...
သူမအပေါ်တွင် အလုပ်ရှင်များအနေဖြင့် ပိုမိုကောင်းမွန်စွာဆက်ဆံလိုက်လျောစေရန် သောက်
သုံးမည့် လက်ဖက်ရည်ကရားထဲသို့ ကျင်ငယ်ရည်များထည့် ထားခဲ့ ကြောင်း သူမအားမေးမြန်း
စစ်ဆေးခဲ့ ရာတွင် ၀န်ခံပြောဆိုခဲ့ ပါတယ်...

" လွန်ခဲ့ တဲ့ ဧပြီလအတွင်း ၇ ကြိမ်တိုင်တိုင် လက်ဖက်ရည်ထဲကိုအပေါ့ စွန့် ပြီးသူတို့ ကိုတိုက်ခဲ့ 
ပါတယ်... ကျွန်မရဲ့ အလုပ်ရှင်သူဌေးကတော်က ကျွန်မကိုအမြဲပဲ ဆူပူမာန်မဲနေခဲ့ ပါတယ်...တစ်
နေ့ တော့ ကျွန်မလိုပဲ အင်ဒိုးနီးရှားအိမ်ဖော်တစ်ယောက်နဲ့ တွေ့ လို့ အိမ်ရှင်နဲ့ မိသားစုက ကျွန်မ
အပေါ် ချစ်ပြီးကောင်းကောင်းမွန်မွန်ဆက်ဆံအောင် ဘယ်လိုလုပ်ရမလဲလို့ သူမဆီက အကြံအ
ဥာဏ်တောင်းခဲ့ ပါတယ်...
သူမက အလုပ်ရှင်ရေချိုးသည့် ရေချိုးကန်အတွင်း အပေါ့ စွန့် ရန်နှင့် သူတို့ သောက်မည့် လက်
ဖက်ရည်အတွင်းလည်းထိုသို့ ပြုလုပ်ရန်တိုက်တွန်းခဲ့ တာဖြစ်ပါတယ်... ကျွန်မကိုမမိမချင်း ၇ ခါ
လောက်လုပ်ခဲ့ မိပါတယ်...
အလုပ်ရှင်မိန်းမမှမေးမြန်းစစ်ဆေးတော့ ကျွန်မအမှန်အတိုင်းပဲပြောပြလိုက်ပါတယ်...ကျွန်မရေ
ချိုးခန်းထဲမှာ ခွက်တစ်ခုထဲအပေါ့ စွန့် ပြီး သူတို့ ရေချိုးခန်းထဲသွားပြီး လောင်းချပက်ဖြန်းခဲ့ ပါ
တယ်..." လို့ သူမကဆိုပါတယ်...
သူမအနေဖြင့်အလုပ်ရှင်များလက်ဖက်ရည်အိုးထဲသို့ လည်း ကျင်ငယ်ရည်များလက်ဖက်ရည်ဇွန်း
တစ်ဇွန်းစာလောက်ထည့် ဖျော်လေ့ ရှိခဲ့ တယ်လို့ လည်းဆိုပါတယ်...
အလုပ်ရှင်၊ ၎င်း၏ဇနီးနှင့် သူမရဲ့ မောင်ဖြစ်သူတို့ လည်း ထိုလက်ဖက်ရည်ကိုသောက်သုံးခဲ့ ကြ
တယ်လို့ သူမကဆိုပါတယ်...
အာရပ်အမျိုးသား အလုပ်ရှင်ဖြစ်သူက ၎င်းအနေဖြင့် အရေချိုးခန်းထဲတွင် သေးကွက်များ ၎
ကြိမ်တိုင်တိုင်တွေ့ ခဲ့ ရပြီးနောက် ရဲတပ်ဖွဲ့ သို့ အကြောင်းကြားခဲ့ ကြောင်း တရားရုံးတွင် အစစ်
ခံခဲ့ ပါတယ်...
ထိုသေးကွက်များနှင့် ပါတ်သက်ပြီးသူမကိုမေးမြန်းခဲ့ သည့် အခါတိုင်း သူမအနေဖြင့် မသိရှိရပါ
ကြောင်း ငြင်းဆန်ခဲ့ ပြီး ရဲစခန်းကိုကားဖြင့် ခေါ်ဆောင်သွားခဲ့ တော့ မှပဲ ရေချိုးခန်းထဲတွင်သေး
ရည်များစွန့် ခဲ့ ကြောင်းနဲ့ သူမအားကောင်းကောင်းမွန်မွန်ဆက်ဆံရန် လက်ဖက်ရည်ထဲတွင်ပါ
ထည့် ဖျော်ခဲ့ ကြောင်းဝန်ခံခဲ့ ပါတယ် လို့ အာရပ်အမျိုးသားကဆိုပါတယ်...
အမှုကိုတရားရုံးတွင် ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်...
ကိုပီတာ ဆိုဒ်မှကူးယူတင်ပြပါသည်။

Share this article :

1 comments:

3rdthameetaw said...

ဖြစ်ရလေ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map