<div style='background-color: none transparent;'></div>

Home » » ယနေ့နံနက်သင်္ဃန်းကျွန်း စံပြဈေးရှေ့ ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်(သတင်းဓာတ်ပုံနှင့်အတူ)

ယနေ့နံနက်သင်္ဃန်းကျွန်း စံပြဈေးရှေ့ ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်(သတင်းဓာတ်ပုံနှင့်အတူ)


Yangon Media Group , 8June 2012  —– သင်္ဃန်းကျွန်း စံပြဈေးရှေ့တွင် ယနေ့ နံနက် ၉း၃၀ ခန့်က ယဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားရာ လူတစ်ဦင်္းသေဆုံးခဲ့ပြီး တစ်ဦးမှာ ယာခြေထောက်ပြတ်ကာ ခရီးသည် အများစုဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၆၂ မီနီဘတ်(စ်)ကား သည် လေးထောင့်ကန်လမ်းမကြီးအတိုင်း မောင်းနှင်လာရာ ဘရိတ်ပေါက်ပြီး စံပြဈေးရှေ့ အရောက်တွင် ၆၃ ဒိုင်နာ ကားအား အရှိန်ဖြင့် ၀င်ရောက်တိုက်မိရာမှ Taxi တစ်စီး၊ အိမ်စီး ကားတစ်စီး ကို အဆင့်ဆင့် ထပ်မံ တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ အနော်မာကို သွားမလို့ ၆၃ ပေါ်တက်တာ စပယ်ရာက အော်နေတာ ကားကလည်း မှတ်တိုင်ကနေ ဖြည်းဖြည်းချင်း လှိမ့်ထွက်တဲ့ အချိန်မှာပဲ ၀ုန်း ဆိုပြီးတော့ ၆၂ ကားခေါင်းကြီးက ကျွန်မတို့ ဒိုင်နာထဲကို ၀င်လာတာ ကားက လည်းရှုံ သွားတယ် သွေးတွေက ကျွန်မတို့ ခရီးသည်တွေကို လာစင်တာ ၊ ကျွန်မလည်း ထိုင်ခုံအနောက်က လက်တန်းပေါ်ကနေပြီး ခုန်ချတာ ခရီးသည်တွေ အကုန်လုံးလည်း ပိတ်မိနေတော့ အကုန် ခုန်ချကြတယ် ဒိုင်နာကားထဲကို ၆၂ ကားခေါင်း ဆန့်တယ် ဆိုတာ တော်တော် အံ့သြစရာကောင်း တဲ့ အရှိန်ပါပဲ ” ဟု ယာဉ်တိုက်မှုတွင် ပါဝင်သည့် ၆၃ ဒိုင်နာ ယာဉ်မှ ခရီးသည် တစ်ဦးက ဆိုသည်။

အခင်းဖြစ်ရပ်ကြောင့် ၆၃ ဒိုင်နာကားမှ စပယ်ရာသေဆုံးပြီး ခရီးသည် တစ်ဦးမှာ ယာခြေပြတ်သွား သည့်အ တွက် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရ သည်။ “အဲဒီ အဖိုးကြီးက ညပ်နေတော့ ကယ်ပါဦး အော်နေတာ အဲဒီမှာ ကယ်ဆ ယ်ရေးတွေ ရောက်လာပြီးတော့ သူ့ကိုဆွဲထုတ်လိုက်တော့ ယာဘက်ခြေထောက် ကပြတ်နေပြီ အဲဒီကျမှပဲ သူသတိလစ် သွားတော့ တယ် “ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ တစ်ဦးကလည်း ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အသက်ကယ် ၀န်ထမ်းများလည်း လာရောက်ကူညီဆောင်ရွက်ပေးနေေ ကြာင်းလည်း သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map