<div style='background-color: none transparent;'></div>

Home » » မောင်းတောမြို့ ကို မထိန်းနိုင်တော့(အထူးသတင်း)

မောင်းတောမြို့ ကို မထိန်းနိုင်တော့(အထူးသတင်း)


Myanmar Express  :မောင်တောမြို့တွင် ဖြစ်ပျက်နေသော အခြေအနေကို ရဲတပ်ဖွဲ့များက သေနတ်များ အဆက်မပြတ် ပစ်ပြီး လူစုခွဲသော်လည်း မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ရွှေသဇင် တည်းခိုခန်း အပါအ၀င် ရခိုင်အိမ် အမျာအပြား မီးရှို့ခံနေရပြီး အခြေအနေမှာ အထူး ဆိုးရွားနေကြောင်း သိရပါတယ်။ လုံထိန်းနှင့် ရဲများ က သေနက်ကို မိုးပေါ်ထောင် မဖောက်တော့ပဲ ဆူပူ လိုသူများ ကို သေချာချိန်ရွယ်ပြီး တိုက်ရိုက် ပစ်ခတ်နေပြီ ဖြစ်လို့ သေဆုံးသူတွေလည်း ရှိနေကြောင်း သတင်းရရှိပါတယ်။ အိမ်အများအပြား မီးလောင်နေတုန်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

လူမျိုးရေး အဓိကရုဏ်း ဖြစ်မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် မလုံလောက်တော့တာကြောင့် စစ်တပ်ကပါ အခြေအနေကို ထိန်းသိမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ လမ်းပေါ်မှာ စုဝေးနေတဲ့ ရာနှင့်ချီ သော လူထုကို လူစုခွဲရန် ပြောဆိုသော်လည်း အခုထိ လူစုမခွဲ့တဲ့ အပြင် လူပိုများလာကြောင်း သိရပါတယ်။

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကိုလည်း ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း သိရပါတယ်။

မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရပြီး အနည်းဆုံး ၃ ဦး သေဆုံးကြောင်း သိရပါတယ်။

မွတ်ဆလင် ၁၀၀ လောက်ရှိတဲ့ လူအုပ်ကြီး က မြန်မာပိုင် ကမ္ဘောဇဘဏ် ကို ခဲများနှင့် ပေါက်ပစ်ခဲ့ကြပြီး ရခိုင် ထမင်းဆိုင် တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

ဘူးသီးတောင်မှာလည်း ခါတိုင်းနှင့် မတူဘဲ အစ္စလာမ် ဘာသာ ၀င်များက ဈေးဆိုင်များကို ပိတ်ထားပြီး တံခါးပိတ် အစည်းအဝေးများ လုပ်နေကြောင်း သိရပါတယ်။
Share this article :

1 comments:

ချစ်စံအိမ် said...

ဟူးးးးးးးးးးး ဘာပြောရမလဲ သိတော့ဘူး.. ကိုယ်လည်းဘာမှမတတ်နိုင်ဘူး..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map