ရခိုင်ပြည်နယ်စစ်တွေမြို့ စက်ရုံစုရပ်ကွက်လမ်းထိပ်ရှိလက်ဖက်ရည်ဆိုင်တွင်ဇွန်
၃ရက်နေ့ညနေ၅နာရီ၁၀မိနစ်တွင်အောင်ကျော်စိုး(စိစစ်ဆဲပါ)၃ဦးနှင့်ဦးအောင်
သန်းဝေ(၄၅)နှစ်(ဖ)ဦးစိန်လှ အကွက်(၆)ရပ်ကွက်စစ်တွေမြို့တို့ဈေးကောက်ခံ
သည့်ကိစ္စအားမကျေနပ်၍ စကား အခြေအတင် ဖြစ်ကြရာမှအောင်သန်းဝေကေ အသင့်ပါလာသော ဓါးဖြင့် ခြိမ်းခြောက် ထွက်ပြေးသွားကြောင်း အောင်ကျော်စိုးပါ (၃)ဦးအဖွဲ့မှ စစ်တွေအမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ပါသည်။
၎င်း ည(၇)နာရီခွဲတွင် ဦးအောင်သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြပါ အမျိုးသမီး (၁၀)ဦးတို့ အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိပြီး၎င်း၏ ခင်ပွန်းပျောက်ဆုံးနေကြောင်း အကြောင်းကြားစဉ်ရဲစခန်း၌ လူအင်အား (၅၀)ဦးခန့်စုဝေးရာက်ခဲ့ပြီး တဖြည်းဖြည်းအင်အား (၂၀၀)ဦးခန့်ထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် (၇)နာရီ (၄၅)မိနစ်ခန့်တွင် ဦးအောင်မြကျော်(စစ်တွေမြို့နယ်ရခိုင်တိုင်းရင်းသားများတိုးတက်ရေေးပါတီ ဥက္ကဌက ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး ၎င်းအား မိမိ ရှာဖွေပေးမည် ဖြစ်ကြောင်းပြောဆိုခဲ့သည့်အတွက် လူစုကွဲပြီး အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြတို့ရဲစခန်းမှပြန်လည်ထွက်ခွာသွားခဲ့သည်.။
တစ်ဖန်ည(၉)နာရီတွင်အမှတ်(၁) ရဲစခန်းရှေ့၌ လူအင်အား (၃၀၀)ခန့်ပြည်လည်စုဝေးရောက်လာ ပြန်ရာ ဦးအောင်မြကျော်က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လူစုခွဲကြရန် ပြောဆိုပြီးထွက်ခွာသွားခဲ့ပါသည်။
၎င်းနောက် ည (၁၀)နာရီကျော်ခန့်တွင် ဒေါက်တာအေးမောင် (ဥက္ကဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတကျရေးပါတီ) ဦးကျော်သိန် (ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး) တို့ ရဲစခန်းသို့ရောက်ရှိလာခဲ့သည်။ ည (၁၀)နာရီ ၄၀မိနစ်ခန့်တွင်ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်းသို့ ခေါ်ယူလာပြီး လူစုခွဲကြရန် တောင်းဆိုခဲ့သော်လည်း လူအုပ်စု မကွဲဘဲ ည(၁၀)နာရီ (၅၅)မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့် ပစ်ပေါက်ကျခဲ့ရာ ရဲစခန်း အဆောက်အဦး အမိုး ပေါက်ပြဲဖြင်း၊ အိမ်ထောင်သည်လိုင်း အမိုး ပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်(၂)စီး ရှေ့မှလေကာ မှန်များ ကွဲ ကြေပျက်စီးခြင်းများဖြစ်ပွားခဲ့သည်။ဆက်လက်၍ ည (၁၀)နာရီ (၁၀)မိနစ်တွင် အဆိုပါ လူစုလူဝေးသည့် စခန်းအဝင်ဝ တံခါးမကြီးအား ဖျက်ဆီး၍ ရဲစခန်း အတွင်းသို့ ဝင်ရန် ကြိုးစား လာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေးခြောက်လှန့် ပစ်ခတ်ခဲ့သည်။ သို့ော်သလူစု ကွဲမသွားဘဲ ည (၁၁)နာရီ (၁၅)မိနစ်တွင် ရဲစခန်း အဝင် မီးအား ရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား ဖျက်ဆီးဝင်ရောက်ရန် ထပ်မံ ကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ် လူစုခွဲခဲ့ရရာ ထိုလူစုမှာ ရဲစခန်၏ ဘေး ဘယ်/ညာသို့ ပျံ့နှဲ့သွားခဲ့သည်။ သို့သော်လည်း စခန်း ပတ်ဝန်းကြင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန် (၄)ရက် နံနကျ(၁)နာရီတွင်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်း လက်နက်ကျနှင့် မီးခိုးဗုံး အသုံးပြု၍ လူစု ခွဲခဲ့ရပါသည်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့် ဦးဥတ္တလမ်း ဆုံရာ ရိုးမဘဏ် ရှေ့(PCO) အဆောက်အဦအား မီးရှိုဖျက်ဆီး ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်တွင် အရပ်သား (၁၂)ဦး ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့သဖြင့် စစ်တွှေဆေးရုံသို့ တင်ပို့ ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ (၉)ဦးအား ဖမ်းဆီးထိန်သိမ်း စစ်ဆေးလျှက် ရှိသည်။ လက်ရှိ အချိန်တွင် ဒီမိုကရေစီလူ့အခွင့်အရေး အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ကိစ္စရပ်များအား ဥပဒေရေးဆွဲ၍ ခွင့်ပြုပြီး ဖြစ်သည်။ သို့သော် ဤကဲ့သို့ မင်းမဲ့စရိုက်ဆန်ပြီးဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှားမှုများ၊ ဥပဒမေဲ့ လုပ်ရပ်များအား မည်သို့မှလက်ခံ၍ မရနိုင်ပေ။ သို့ပါ၍ အဆိုပါဖြစ်စဉ်အလိုအပေါ်စုံစမ်းစစ်ဆေမှုများကိုပြုလုပ်သွားမည်ဖြစ်သဖြင့် တရားဥပဒေနှင့်အညီထိရောက်စီာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိပါသည်.။

0 comments:
Post a Comment