<div style='background-color: none transparent;'></div>

Home » » လေးစားအတုယူလောက်တဲ့ ဗမာ့ပထမဆုံး ဟောလီးဝုဒ် မင်းသမီး

လေးစားအတုယူလောက်တဲ့ ဗမာ့ပထမဆုံး ဟောလီးဝုဒ် မင်းသမီး

စာဝင်ဖတ်ရင်း ဖတ်မိတဲ့...... ဗမာပြည်ရဲ့ သမီးကောင်းရတနာ တယောက်အကြောင်းပါ။ မ၀င်းမင်းသန်းသည် ဗမာပြည်မှ ပထမဆုံးသော ဟောဝီးဝုဒ်မင်းသမီးလည်း ဖြစ်ပါတယ်။ သူ့နာမည်က “၀င်းမင်းသန်း”, ဇာတ်ကားထဲမှာကတော့ Anna-။ သူပြောပြချက်များအရ ဗမာအမျိုးသမီးများရဲ့ ကာယိနြေ္ဒ စောင့်ထိန်းမှုကို လေးစားမိပါတယ်။
မ၀င်းမင်းသန်း သရုပ်ဆောင်ထားတဲ့ [The Purple Plain]ဇာတ်ကားကိုတော့ (၂၀၀၈)လောက်ကတည်းက  ကြည့်ဖြစ်ခဲ့တာပါ။

မ၀င်းမင်းသန်းရဲ့ ဗမာ့ယဉ်ကျေးမှုထိန်းသိမ်းခဲ့ပုံကို အကြောင်းကို ဖတ်ရှုပြီး အတုယူနိုင်ဖို့ ရည်ရွယ်ကာ သားသားလေးရဲ့ “မာလ်တီဒိုင်ယာရီ”ထဲမှာ ထည့်ထားလိုက်တာပါ။

ကျနော်တို့လို ခေတ်လူငယ်များအနေဖြင့် ဒါက ခေတ်အလိုပဲဆိုပြီး “ခေတ်”ကို တလွဲ အသုံးချနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်  မ၀င်းမင်းသန်းသည် သူလုပ်လျှင် ရပါလျက် ဗမာ့ယဉ်ကျေးမှုနဲ့ မသင့်တော်လို့ဆိုပြီး ပြတ်ပြတ်သား ငြင်းပယ်ခဲ့တဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုတော့ လေးစား အတုယူသင့်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မ၀င်းသန်းအကြောင်း...

ဝင်းမင်းသန်း
ဝင်းမင်းသန်းသည် ပဲခူးသူ ဇာတိဖြစ်သည်။ ရန်ကုန် စိန်ဂျွမ်းကွန်ဗင့် ကျောင်းထွက်ဖြစ်သည်။ အိန္ဒိယပြည် ဒါဂျီလင် ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ စစ်ကြီးပြီးချိန်တွင် ၀ါသနာအလျောက် ဘိလပ်သို့ သွားရောက်၍ ရွန်ဘာဘယ်လေ ကျောင်းတွင် တစ်နှစ်တာမျှ အကသင်ခဲ့သေးသည်။

ဝင်းမင်းသန်းသည် ကာယိနြေ္ဒရှင် ကြော့ရှင်းလှပသူ မြန်မာ့အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်သည်။ The Purple Plain ဟူသောခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ နာမည်ကျော် မင်းသား Gregory Peck နဲ့အတူ ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်သည်။ ၀င်းမင်းသန်းသည် ဒီကားမှာ ကျောင်းဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားသည်။ ၀င်းမင်းသန်းမှာ အင်္ဂလိပ် စကားပြော ကောင်းသည်။ ၀င်းမင်းသန်းသည် အဆိုပါ ဇာတ်ကားတစ်ကားသာ သရုပ်ဆောင်ရိုက်ကူးသည်။


အမျိုးသမီးပေါင်း အယောက်၂၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အများစုက ဇာတ်ရုပ်နဲ့ မသင့်တော်လှဘဲ မင်းသားနဲ့ တွေ့ချင်ရုံသက်သက် စာရင်းသွင်းကြသူများ ဖြစ်ပြီး ထုတ်လုပ်ရေးကုမ္မဏီဟာ နောက်ဆုံး “၀င်းမင်းသန်း”ကို မင်းသမီးအဖြစ် ရွေးချယ်လိုက်သည်။ ဇာတ်ကားရိုက်ချိန်များတွင် သူမ၏ခင်ပွန်းကိုယ်တိုင် လိုက်ပါသည်။

သူမ၏ အတွေးအခေါ်

ဝင်းမင်းသန်းသည် ခရမ်းရောင်လွင်ပြင် ရုပ်ရှင် တစ်ကားတည်းနှင့် နေ့ချင်းညချင်းဆိုသလို ကမ္ဘာကျော်လာခဲ့ပေသည်။ သို့သော် သူမသည် အမေရိကန်၌ ရုပ်ရှင်မင်းသမီးတစ်ဦး အဖြစ် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒလုံးဝ မရှိ။ အမေရိကန်လူမျိုးတို့၏ ၀ိရိယကောင်းပုံနှင့် လုပ်ရည်ကိုင်ရည်ကို ချီးကျူးသော်လည်း ပင်ကိုယ်အားဖြင့် မြန်မာပီသသူကလေး ဖြစ်ပါသည်။ သီဟိုဋ္ဌ်မှ အင်္ဂလိပ်သတင်းစာ တစ်စောင်ကမူ ၀င်းမင်းသန်း၏ ကိုယ်အလှကို ရယူရန် `ရေကူးအ၀တ်အစား ဆင်မြန်း၍ ဓာတ်ပုံရိုက်ပါရစေ´ဟု တောင်းပန်ခဲ့သည်။

ထိုအခါ သူမက `ဒါဟာ မြန်မာထုံးစံ မဟုတ်ပါဘူး။ အလွန်ဝမ်းနည်းပါတယ်။ နောင်ကိုလည်း ဘယ်အခါမှ ရေကူးအ၀တ်အစား ၀တ်ပြီး ဓာတ်ပုံရိုက်မယ်လို့ ကျမ စိတ်မကူးမိပါဘူး။ ဒီလိုသာ မလုံ့တလုံ အ၀တ်အစားမျိုးနဲ့ ဓာတ်ပုံရိုက်ခွင့်ပြုမယ်ဆိုရင် ရုပ်ရှင်ကုမ္ပဏီသူဋ္ဌေးက အူမြူးနေမှာပေါ့´ ဟုကြည်လင်ပြတ်သားသော သူမ၏အသံဖြင့် အင်္ဂလိပ်လို ပြန်ပြောခဲ့ကြောင်း သိရလေသည်။

သို့ရာတွင် သူမရိုက်ကူးသော ဇာတ်ကားအဘို့ ကြော်ငြာရန်အတွက် ရုပ်ရှင်ကုမ္ပဏီကြီးက အတန်တန် တောင်းပန်ရာ အနောက်တိုင်း ရေကူးအ၀တ်အစားနှင့် မဟုတ်ဘဲ မြန်မာများ ရေချိုးပုံ ဓလေ့ထုံးစံအတိုင်း ထမီကို ရင်လျှား၍ ရန်ကုန်တွင် ဓာတ်ပုံရိုက်ခွင့် ပေးခဲ့သည်။

မလုံ့တလုံဝတ်ပြီး ရေချိုးပါ

မူလ ၀တ္ထုရင်း၌ ခရမ်းရောင်လွင်ပြင်တွင် ဇာတ်လိုက်မင်းသမီးလုပ်သူသည် အ၀တ်အစား မလုံ့တလုံ ၀တ်ဆင်၍ ရေချိုးသည့် အခန်းများ အတော်ပင်ရှိခဲ့သည်ဟု သိရသည်။ သို့ရာတွင် သူမ၏ အိနြေ္ဒစောင့်စီးမှု နှင့် ခေါင်းမာမှုတို့ကြောင့် ဟော်လီးဝုဒ် ဒါရိုက်တာများမှာ သူတို့အလွန်မက်လှသော ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့် လုံးဝမရခဲ့ရှာဘဲ ၀မ်းနည်းစွာ ချန်လှပ်ထားခဲ့ရသည်ဟု ရေးသားခဲ့သည်။ သူမ ဘိလပ်တွင်ရိုက်ကူးနေစဉ် အားလပ်ခွင့်ရသောအချိန်၌ မြန်မာပြည်သို့ ခေတ္တပြန်ရန် စီစဉ်လျှက်ရှိသည်။ ထိုအချိန်တွင် အိန္ဒိယမှ `ဘုံဘိုင် ကရိုနီကယ်´သတင်းစာကြီး၏ သတင်းထောက်က သူမအား တွေ့ဆုံပြီးလျှင် ခရမ်းရောင်လွင်ပြင် ပြီးနောက် ဟော်လီးဝုဒ် တွင် ဆက်၍ ဇာတ်ကားများ ရိုက်ကူးဦးမည်လား မေးသည်။ ထိုအခါ သူမက ဤသို့ ဖြေကြားခဲ့သည်။

`ကျမ ရုပ်ရှင်မင်းသမီး ဆက် မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန် ရုပ်ရှင်ပညာသည်တို့၏ ဘ၀ဟာ သဘာဝတယ်ပြီးတော့ မကျလှတဲ့အပြင်၊ ဟန်ဆောင်မှုတွေက များလွန်းလို့ပါဘဲ။ နောက်ပြီးတော့ သူတို့ ဟောလီးဝုဒ်က ဣတ္ထိယ အသွင်အပြင် ဆိုတဲ့ မက်လုံးပေးမှုတွေကို (Glamour)ရောင်းကုန်အနေမျိုးနှင့် ဘန်းပြစေချင် လွန်းတော့ ကျမတို့လို မြန်မာ အမျိုးသမီးများနှင့် နဲနဲမှ မကိုက်ပါဘူး။ ကျမအဖို့ဆိုလျှင် အမေရိကန်ကချေသည် တို့ရဲ့ အလေ့ဖြစ်တဲ့ ခြေဖေါ် ပေါင်ဖေါ် အလုပ်တွေကို အရှက်ကင်းမဲ့တယ်လို့ အယူအဆ ရှိနေတော့ ခက်တာပေါ့´ဟု ဖြေခဲ့သည်။

ဘ၀ကြင်ဖော်
သူမသည် အသက်(၂၁)နှစ် အရွယ်၌ ၁၉၅၇-ခုနှစ်၊ ဇန္န၀ါရီ(၇)ရက်တွင် ရောမမြို့ ကက်ပီတော် ဗဟိုရုံးကြီး၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီး ဗိုလ်စကြာ နှင့် လက်မှတ်ရေးထိုး လက်ထပ်ခဲ့သည်။ `အာကာသ´အမည်ဖြင့် သားတစ်ယောက် ထွန်းကားခဲ့သည်။




http://futurestars-mm.com/profiles/blogs/6405389:BlogPost:401381
Share this article :

1 comments:

3rdthameetaw said...

အင်းကောင်းပါလေ့ရှင်..ဂုဏ်ယူဖွယ်ရာပါပဲ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map