<div style='background-color: none transparent;'></div>

Home » » အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များအပေါ် ဒေါ်စုအား မေးမြန်းချက်

အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များအပေါ် ဒေါ်စုအား မေးမြန်းချက်


(photo - The Voice Weekly)ဇွန်လ ၆ ရက်နေ့ (ယနေ့)တွင် ပြုလုပ်သည့် ထိုင်းနိုင်ငံခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်းပြောကြားစဉ်
7Day News Journal , 6June 2012 —  အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ
“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော်တဲ့သူများရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာတစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာမရှိဘူး။ ပြသနာတစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ်ကျယ်ပေါ်လာပြီ ။
ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ကျူးလွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မလုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေမယ်လို့ကျွန်မထင်တယ်။အခြေအနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။
ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။
နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတ
ာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို
့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။
Share this article :

1 comments:

ချစ်စံအိမ် said...

ထောက်ခံတယ် အမေစုပြောတာတွေကို..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map