<div style='background-color: none transparent;'></div>

Home » » ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်မှ အားရကျေနပ်ကြောင်းနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း ပြောဆို

ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်မှ အားရကျေနပ်ကြောင်းနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း ပြောဆို


Yangon Media Group ,6June 2012  —-  ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်လျော့ ချလာမည် ဟု စင်ကာပူတွင် ပြုလုပ်သော ၁၁ ကြိမ်မြောက် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေး ပွဲတွင် ပြောကြား  ခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ အားရကျေနပ်ကြောင်း ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၁ နာရီတွင် သူမ၏ နိုင်ငံခြားခရီး စဉ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တွင်ယင်းကဲ့ သို့ပြောကြား  လိုက်ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို စကားကမ်းလှမ်းလိုက်ချင်တယ် ကျမတို့ကို ထမင်းဖိတ်ခေါ်ကျွေးပါလားလို့ အဲဒီဟာလေးပါ ဆွေးနွေးလိုက်ချင်လို့ ဘာပဲပြောပြော ကျမက တပ်မတော်နဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး လုပ်ချင် ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျမ ထူးထူးထွေထွေပြောမနေချင်ပါဘူး ၊ အားလုံးကလည်း သိပြီးသားပါ ၊ ဒီတပ်မတော်ကို ဖေဖေကနေပြီးတော့ ထူထောင်ခဲ့တာပါ၊ ကျမမွေးကတည်းက တပ်မတော်သားတွေ ကြားထဲမှော မွးဖွားကြီးပြင်း လာခဲ့တာမို့လို့ အစကတည်းက တပ်မတော်သား တွေကို ခင်မင်တဲ့စိတ်ရှိပါတယ် ၊ ငယ်ငယ်ကတည်းက ရှိနေတဲ့စိတ်ထားဆိုတာ ကြီးလာတော့လည်း မပြောင်းဘူး အမြစ်တွယ် ပြီးသားပါ ၊ ဒါကြောင့်မို့လို့ကျမက တပ်မတော်နဲ့ လက်တွဲ ပြီးတော့ လုပ်ချင်တယ် ကျမတို့ တပ်မတော် အတွက်ကော နိုင်ငံအတွက်ကော ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူလက်တွဲပြီးတော့ လှမ်းချင်တယ် ဗိုလ်ချုပ်ကြီး လှမင်းကလည်း အခုလို ပြောတယ်ဆိုတော့ ကျမတကယ့်ကို အားရပါ တယ် တပ်မတော်ဟာ အစဉ်အမြဲ ရနေတဲ့ အခွင့်ရေးတွေကို သိမ်းထားချင်တဲ့ တပ်မတော်မျိုး မဟုတ်ဘူးနိုင်ငံနဲ့ သင့်တော်တဲ့ အခြေတစ်ခုကို ဖန်တီး ထားတဲ့ တပ်မတော်လို့ ပြလိုက်တဲ့ အနေနဲ့ ကြိုဆိုပါတယ် ၊ အဲဒီအတွက်လည်း အားရကျေနပ်မိပါတယ်  ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map