

 Myanmar Youth Media Club, 20May 2012—-  လူသိပ်မသိလိုက်တဲ့  အခမ်းအနားလေး တစ်ခုမှာ Facebook ရဲ့ CEO နဲ့ Founder Mark Zuckerberg  ကသူရဲ့နှစ်ရှည် တွဲလာတဲ့ ချစ်သူနဲ့လက်ထပ်လိုက်ပါပြီ။
Faceboom IPO ကြောင့်အခုဆိုရင် ကုဋေကြွယ် ချမ်းသာနေပြီ ဖြစ်တဲ့  Zuckerberg ကအခမ်းအနားမှာ သူ့ဇနီးလောင်းကို ပတ္တမြား လက်စွပ်ရိုးရိုးလေး  ၀တ်ပေးခဲ့ပါတယ်။
 Associated Press ရဲ့အပြောအရ ဒီလက်ထပ်ပွဲ အသေးစား  လေးမှာဖိတ်ထားတဲ့ ဧည့်သည် အယောက်၁၀၀လောက် ရှေ့မှာပဲ ပြီးသွားပါတယ်။  ဧည့်သည်တွေ အထင်က Zuckerberg ဇနီးဖြစ်လာသူ Ms. Chan ရဲ့ဆေးကျောင်းပြီး  ဘွဲ့ရတဲ့အထိန်းအမှတ် ပြုလုပ်တဲ့ ပွဲလိုပဲ ထင်ကြတာဖြစ်ပြီး ဒီအဖြစ်အပျက်  လေးက Zuckerberg ကအိမ်နောက်ဖေးက ခြံထဲမှာပဲ လုပ်ပြီးသွားတာပါ။ Facebook  ပေါ်မှာ Zuckerberg ရဲ့စာမျက်နှာမှာ တင်လိုက်တဲ့ Status Change ကဒီပွဲလေး  အပြီး Zuckerberg ကတင်လိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်ယောက်က Harvard  မှာကျောင်းအတူ တက်ရင်း တွေ့ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက် တွဲလာတာ၉နှစ်  ရှိသွားပါပြီ။

0 comments:
Post a Comment