<div style='background-color: none transparent;'></div>

Home » »  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး

 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး


ရန်ကုန်မှထွက်ခွာလာသော Gi ရန်ကုန်-မန္တလေး-မူဆယ် ခရီးသည် တင်ယာဉ်သည် မေလ ၁၅ ရက်နေ့ ည နှစ်နာရီခွဲခန့်တွင် ၀ါးတင်ဆောင်လာသော ယာဉ်တစ်စီးအား မိုင်တိုင် ၂၅၈ အနီး၌ ၀င်ရောက်တိုက်မိခဲ့ရာ လူငါးဦးသေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ခရီးသည်တင်ယာဉ်အတွင်းပိုင်းအား မြင်တွေ့ရစဉ်


''ကျွန်တော်က လပွတ္တာကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ဆက်စီးလာတာဆိုတော့ ပင်ပန်းပြီးကားပေါ်မှာ အိပ်ပျော်နေတယ်။ ဖြစ်လိုက်တော့ ၀ုန်းဆို ဘာမှန်း မသိလိုက်ဘူး။ နောက်မှ ကားတိုက်မှန်းသိတယ်။ ကားတိုက် တာပြင်းလွန်းတော့ ဟိုဘက်လမ်းမပေါ်တောင် ကျော်ပြီး ရောက်သွားတယ်။ ညဆိုတော့ ဘယ်ကားမှ မကူညီကြဘူး။ နောက်ဆုံး အဲဒီအနားက ရဲစခန်းတွေက ကားခေါ်ပေးမှ မိတ္ထီလာဆေးရုံကို မနက်ခုနစ်နာရီခွဲမှ ရောက်လာတယ်။ ကျွန်တော်အပါအ၀င် လူ ၁၀ ဦး မိတ္ထီလာဆေးရုံ တက်ရတယ်။ ခြောက်ယောက်က ဒဏ်ရာသက်သာလို့ ခရီးဆက်သွားပြီ။ လေးယောက် ဆေးရုံပေါ်မှာ ကျန်သေးတယ်။ တချို့လူနာတွေလည်း ဒဏ်ရာပြင်းလို့ မန္တလေး ဆေးရုံကြီးကို ဆက်လွှဲတယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ ခြေထောက်မှာ ထိသွားတယ်''ဟု မိတ္ထီလာ ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ခရီးသည်တစ်ဦးမှ ပြောပြသည်။
''ကျွန်တော်တို့ မိတ္ထီလာလမ်းဆုံက မိုင်တိုင် ၂၈၅ ဆိုတော့ ကားတိုက်တဲ့ နေရာနဲ့ ၂၇ မိုင်ဝေးတယ်။ လမ်းဆုံကနေ မြို့ပေါ်ကို ၇ မိုင်ဆိုတော့ အကုန်လုံး ၃၄ မိုင်လောက်ပဲ ဝေးတယ်။ ဒီ ၃၄ မိုင်က ပုံမှန်မောင်းတာတောင် လေးဆယ့် ငါးမိနစ်လောက်ပဲ ကြာသင့်တယ်။ အခုတော့ မိတ္ထီလာဆေးရုံကို မနက် ခုနစ်နာရီခွဲမှ ရောက်လာတာဆိုတော့ ကြာလွန်းတယ် ထင်တယ်။ အမြန်လမ်းပေါ်မှာ တစ်ခုခုဖြစ်ရင် ကူညီမယ့်လူမရှိတာ အချိန်ကြာလွန်းတဲ့အတွက် မသေသင့်ပဲ သေရတာများနေတော့ သက်ဆိုင်ရာအနေနဲ့ တစ်ခုခုတော့ စီစဉ်ပေးသင့်တယ်''ဟု ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူက ဆိုသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map