<div style='background-color: none transparent;'></div>

Home » » ရေခဲစိမ်ကျားကို ဘန်ကောက်တွင်ဖမ်းမိ

ရေခဲစိမ်ကျားကို ဘန်ကောက်တွင်ဖမ်းမိ

Photo: The Nation - www.nationmultimedia.com
ဧရာဝတီဘလော့. ၁၇ရက်နေ့ မေလ ၂၀၁၂ မနေ့က ဘန်ကောက်မြို့ဆင်ခြေဖုံးကအိမ်တလုံးကို ၀င်စီးရာမှာ ရေခဲစိမ်ထားတဲ့ ကျား ၃ ကောင်၊ သစ်နက် ၁ ကောင်၊ တောကြောင် ၁ ကောင် တို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့တယ်လို့ အာဏာပိုင်များက ပြောဆိုကြောင်း အခုလေးတင် တက်လာတဲ့ The Nation အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းတယောက် ဗီယက်နမ်တယောက်ကို ထိန်းသိမ်းလိုက်တယ် လို့ ရဲအဖွဲ့က ဆိုပါတယ်။

“ကနဦး စစ်ကြောချက်တွေအရ ဒီတိရစ္ဆာန်တွေကို လာအိုမှာ ရှိတဲ့ ဗီယက်နမ်တယောက်ဆီကို ပို့ဖို့ စီစဉ်ထားတယ်၊ ဒါတွေ နောက်ဆုံး ရောက်မယ့် နေရာကတော့ ဗီယက်နမ် နဲ့ တရုတ်နိုင်ငံတို့ပဲ ဖြစ်တယ် ဆိုတာ သိရပါတယ်” လို့ ရဲအရာရှိတဦးက ရှင်းပါတယ်။
ထိန်းသိမ်းခံထားရသူ ၂ ဦးဟာ တောရိုင်းတိရစ္ဆာန် တရားမ၀င် ပိုင်ဆိုင်မှုနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးခံရနိုင်တယ်လို့ ဆိုတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ တောရိုင်းတိရစ္ဆာန် ကုန်ကူးသူတဦးဆီကနေ ခြင်္သေ့၊ ကျား အပါအ၀င် တိရစ္ဆာန် အရှင် ကောင်ရေ ၂၀၀ ထက်မနည်း ဖမ်းမိခဲ့တယ်လို့ ဒီသတင်းမှာ ဆိုထားပါတယ်။
သက်ရှိများ နဲ့ သဘာဝ ပတ်ဝန်းကျင် အပြန် အလှန် ဆက်စပ်၊ အကျိုးပြုနေတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးသွားရင် သဘာ၀၀န်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် နိုင်ငံတကာ အစိုးရတွေက တောရိုင်းတိရစ္ဆာန်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ထုတ်ပြန်ထား၊ တရားမ၀င် လက်ဝယ်ထားရှိ/အရောင်းအ၀ယ်ပြုလုပ် တာတွေကို အရေးနေကြတာ ဖြစ်ပါတယ်။
Share this article :

1 comments:

Yin Sue said...

ရေခဲစိမ်ထာတဲ့ကျားဆိုလို့ ပြေးလာကြည့်တာ..တကယ်ကြီးပါလားဗျ....တိရစ္ဆာန် မှောင်ခိုလုပ်နေတဲ့လူတွေအများသားနော်....တရုတ်ဘက်ကိုပို့ကြတာများတယ်ထင်တယ်....ဥပဒေနဲ့သာမတားလို့ကတော့ အကုန်ကုန်မှာဘဲထင်တယ်....

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map