<div style='background-color: none transparent;'></div>

Home » » ၂၀လက်မရှည်သော မြားက လည်ပင်းကိုဖောက်ဝင်သွားသော်လည်း အသက်မသေ

၂၀လက်မရှည်သော မြားက လည်ပင်းကိုဖောက်ဝင်သွားသော်လည်း အသက်မသေ



ပြည်မြန်မာသတင်းဂျာနယ်. ၁၆ရက်နေ့ မေလ ၂၀၁၂  — ရုရှားနိုင်ငံတွင် ကလေးနှစ်ယောက်၏ အဖေဖြစ်သူ ကွန်စတန်တင်မာယာကက်ရှ်(၃၈နှစ်)သည် ပန်းခြံအတွင်း၌ လမ်းလျှောက်လာစဉ် ၂၀ လက်မအလျားရှိ မြားတစ်စင်းက လည်းပင်းကိုဖောက်ဝင်သွားသော်လည်း အသက်မသေခဲ့ကြောင်းသိရသည်။
သူသည် သမီးနှစ်ယောက်နှင့်အတူ မော်စကိုမြို့ရှိ အားကစားလေ့ကျင့်ရေးဌာနတစ်ခုအနီးတွင် ရှိသောပန်းခြံတစ်ခုမှ ဖြတ်လျှောက်လာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါမြားသည်  မြားပစ်အားကစားကလပ်တစ်ခုမှ နေ၍ ပစ်မှတ်ချော်ကာ အပြင်သို့ ထွက်လာခြင်းဖြစ်မည်ဟုဆိုသည်။
သို့သော်သူသည်အလွန်ကံကောင်းသောကြောင့် အဓိကသွေးလွှတ်ကြေားများကို မြားက ပွတ်သီကပ်သီကလေးလွတ်သွားသောကြောင့် အသက်ချမ်းသာရာရခဲ့သည်ဟုဆိုသည်။(NYM)

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map